Part 25

1.4K 111 4
                                    

"ပန်း ငါ ဒီမှာ"

မြင့်သူရဲ့ရှေ့တွင် အသာဝင်ထိုင်လိုက်သည်။

"ပြောပါဦး။သူ့အန်တီနဲ့အဆင်ပြေသွားတည်းက ပေါ်ကိုမလာတော့တာ"

"ဟုတ်တယ်။အန်တီနဲ့ ငါနဲ့အကြောင်းကို နင်တစ်ယောက်ပဲ အစအဆုံးသိတယ်။ငါ့ရဲ့ အကြောင်းကိုလည်းနင်ပဲသေချာသိတယ် မြင့်သူ"
"ငါသာ အန်တီ့ပြိုင်ဘက်ဖြစ်မယ်ဆိုရင် ပန်းဝင့်လွှာကို အသုံးချဖို့ မဖြစ်နိုင်မှန်းသိလိမ့်မယ်။ဘာလို့လဲဆိုတော့ သူက သူ့အန်တီကို ထိခိုက်အောင် ဘယ်တော့မှလုပ်မှာမဟုတ်ဘူးလေ။"
"ဒါဆို ငါ ဘယ်သူ့ကို ရွေးမလဲ မြင့်သူ"

မြင့်သူ၏ မျက်နှာဟာ လုံးဝကို ပျက်ထွက်သွားသည်။

"ငါ ငါ ဘယ်သိမလဲဟ"
"ငါမှ နင့်အန်တီရဲ့ ပြိုင်ဘက်မဟုတ်တာ"

"အမှန်ပဲ။ငါ့အပေါ်ရော အန်တီအပေါ်မှာရော ဘာမှမရှိဘဲ ဘာလို့အဲ့လိုလုပ်ရတာလဲ။"

မြင့်သူ ပန်းအကြောင်းကို ကောင်းကောင်းသိသည်။သူ့ကို လိမ်လို့ရတဲ့သူ ရှိမည်မဟုတ်။မြင့်သူကိုယ်တိုင်တောင်မဖြစ်နိုင်ပေ။လိမ်နေလို့လည်း မထူးပေ။သို့သော်မြင့်သူကြောက်ပါသည်။ပန်းဟာ သူ့အန်တီကို ဘယ်လောက်ချစ်မှန်း မြင့်သူသိသည်။အန်တီ့အတွက်သာဆို မိသားစုပါ မချန် သွေးအေးစွာစွန့်ပစ်ရဲသူဖြစ်သည်။မြင့်သူဟာ ပန်းရဲ့ သူငယ်ချင်းတစ်ယောက်မဖြစ်နိုင်တော့ကြောင်း သတိရလိုက်မိတဲ့အခါ ကြောက်စိတ်တို့ဟာ တဖွားဖွားပင်။

'ဟင့်အင်း တောင်းပန်ပါတယ်။ငါ့ကိုပါ မစွန့်ပစ်လိုက်ပါနဲ့။'

ဟုသာ စိတ်ထဲတွင် အကြိမ်ကြိမ်တောင်းပန်နေမိသည်။
သေချာပေါက် ပန်းသိလိမ့်မည်။သို့သော် အသက်ဝင်မလာတော့သော မျက်လုံးများသည် တောင်းပန်မှုကို လက်မခံကြောင်းပြသနေသည်။

"ငါ...ငါ အန်တီ့ကို သဘောကျနေမိလို့ပါ။"

"သဘောကျနေမိလို့ဆိုတာထက် ပိုလား မြင့်သူ"

"ငါမသိဘူး။"

ပန်းစိတ်ထဲတွင်တော့ တဟားဟားပင် အော်ရယ်မိသည်။သို့သော် အပြင်တော့ထုတ်မရယ်ဖြစ်ခဲ့ပါ။ပန်းဘယ်သူ့ရဲ့ အချစ်တွေ မေတ္တာတွေကိုမှ ပြက်ရယ်မပြုရဲပါ။သို့သော် ရယ်ချင်သည့်အကြောင်းမှာ အခုထိ သဘောကျတယ်ဆိုတာကလွဲလို့ မသေချာသေးတဲ့ အခြေအနေမှာ သူသဘောကျတဲ့သူကို ပြိုလဲအောင်လုပ်တာဟာ သဘောကျတာ မဖြစ်နိုင်ကြောင်း ပန်းသိသောကြောင့်ဖြစ်သည်။ကိုယ် သဘောကျတဲ့သူကို ဘယ်သူမှထိခိုက်အောင်မလုပ်ပေ။ကိုယ်ချစ်တဲ့သူကိုတော့ ကာကွယ်ပေးကြသည်။

LoveTahanan ng mga kuwento. Tumuklas ngayon