Part 28

1.5K 124 2
                                    

ဝုန်း
ခြံထဲကိုရောက်ပြီဆိုတာနဲ့ အမြန်ပြေးဆင်းမိသည်။ကိုယ့်အသက်အရွယ်ကိုလည်းသတိမထားမိတော့၊Hook ရဲ့ Ceo ဆိုတာလည်း ရုံးမှာကျန်ခဲ့ပြီထင်သည်။မာနဘုရင်မ ဒေါ်ခင်ထားနွယ်လည်း ပျောက်ဆုံးနေလျှက်။ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ဘဲပြေးလွှားကာ သွားနေတဲ့သူဟာ အကောင်လေး၏ အန်တီသာဖြစ်သည်။သူ့အကောင်လေးကို သိပ်ချစ်သည့်အန်တီသာ ဖြစ်သည်

"မသက်နိုင် အကောင်လေး...
ပန်း ပန်းဝင့်လွှာရော"

"သူ အထဲမှာရှိပါတယ်။လာ လိုက်ပြမယ်။"

"လာ အန်တီ မြင့်သူရော လိုက်ခဲ့မယ်။"
ဒေါ်သက်နိုင်ရဲ့ နောက်ကို လိုက်သွားမိသည်။ဒီနေ့မှ ရှေ့က လူရဲ့ခြေလှမ်းတွေကို ဂရုတစိုက်သတိထားမိခြင်းဖြစ်သည်။ဒေါ်သက်နိုင်ရဲ့ခြေလှမ်းတွေဟာ နှေးနေလိုက်တာ

အခန်းတစ်ခုရှေ့ရောက်‌တဲ့အခါ ဒေါ်သက်နိုင်ရဲ့ ခြေအစုံဟာ ရပ်တန့်သွားသည်။ထို့ကြောင့် နောက်မှ လိုက်လာသော ဒေါ်ခင်ထားနွယ်လည်း ရပ်တန့်လိုက်မိသည်။စိတ်ထဲတွင်တော့ အလွန် စိတ်လှုပ်ရှားနေပြီဖြစ်သည်။

အခန်းတံခါးဖွင့်လိုက်တဲ့အခါ ခုတင် အလွတ်တစ်ခုကိုသာ တွေ့ရပြီး လူအရိပ်အယောင်မရှိချေ။အကောင်လေး၏ အရိပ်အယောင်နည်းနည်းလေးမျှပင် မမြင်ရချေ။

"ဒါ...ဒါက"

ဒေါ်သက်နိုင် ဆွံ့အသွားပြီဖြစ်သည်။မ‌နေ့ကပဲ သူကိုယ်တိုင် ဆရာဝန်ခေါ်ကာ ဆေးကုပေးခဲ့ပြီးလို့ ခုနကမှ သတိလည်လာတဲ့ ကလေးမဟာ ရုတ်တရက်ကြီး ဘယ်ပျောက်သွားမှန်းစဉ်းစားလို့မရချေ။

"အကောင်လေးရော အကောင်လေးရော မသက်နိုင်"

"သူ ခုနကတောင်ရှိနေသေးတယ်။"
"သူ့ဒဏ်ရာတွေက အဲ့လို ထွက်သွားလို့မရနိုင်လောက်သေးပါဘူး။"

ဒေါ်သက်နိုင်၏ စကားကြောင့် ဒေါ်ခင်ထားနွယ် ရှုပ်ပွနေတဲ့ခုတင်နားသို့ တိုးကြည့်မိသည်။ကလေးရှိနေခဲ့တာ ဖြစ်နိုင်ပါသည်။ဒီအနံ့ဟာ ကလေးအနံ့ဖြစ်သည်။သွေးတွေကြောင့် အနည်းငယ် ညီစို့စို့ရှိနေပေမယ့် နွယ်မှတ်မိပါသည်။

LoveWhere stories live. Discover now