Part 29

1.8K 116 5
                                    

"မေ Minnie အကြောင်းသိရပြီလား။"

"Minnie က အသက်ငယ်သေးတဲ့ ယောက်ျားလေးတစ်ယောက်ဆိုတာပဲ သိရပါသေးတယ်။ကျန်တာတွေက လိုက်လို့မရသေးပါဘူး။"

"ကောင်းပြီ ဆက်စုံစမ်းပါ။"

"သူဌေး ပန်းကရောဟင်"

"သူပျောက်နေတယ်။တို့သူ့ကို ရှာရဦးမယ်။"

မေ့ကို ပြောစရာရှိတာပြောပြီး အခန်းထဲကို ဝင်လာခဲ့သည်။ထိုင်ခုံပေါ်တွင် ထိုင်လိုက်ကာ ခေါင်းကို နောက်မှီလိုက်သည်။ငိုထားတာကြောင့် ကျိန်းစပ်နေတဲ့မျက်လုံးအစုံနဲ့ ကိုက်ခဲနေတဲ့ ခေါင်းကြောင့် မျက်လုံးကို မှိတ်ကာ ကိုယ့်လက်နှင့်ကိုယ် နားထင်ကို နှိပ်နယ်နေမိသည်။စိတ်အစုံဟာ လမ်းပျောက်နေတဲ့ကလေးတစ်ယောက်‌လိုပင် ပင်ပမ်းနွမ်းနယ်လျှက်ရှိသည်။ဒီလိုအချိန်ဆို မုန့်လာပို့ရင်း နှိပ်ပေးတတ်တဲ့ အကောင်လေးတစ်ကောင်ကို သတိရမိသည်။

'တို့ကို တကယ်ပဲထားသွားဖို့စဉ်းစားခဲ့တာလား။'
'တို့ကို ချစ်ရတာ ပင်ပန်းလွန်းမှန်းတို့သိပါတယ်ကွယ်။ဒါပေမယ့် မင်းကတော့ ထားမသွားဘူးလို့ထင်ခဲ့တာ'

ညနေခင်းနေဝင်ချိန်ရဲ့ အလင်းရောင်ဟာ မှန်ပြတင်းပေါက်ကနေတစ်ဆင့် ထိုင်ခုံပေါ်တွင်နောက်မှီ‌ထားသော အမျိုးသမီး၏ မျက်နှာပေါ်တွင် ကျရောက်နေသည်။သူ၏ နာကျင်ဝမ်းနည်းမှုနဲ့ နောင်တတွေကို နေရောင်ခြည်ဟာသိသည့်အလား ‌သူ့ကို နွေးထွေးစွာ ထွေးပွေ့နှစ်သိမ့်ပေးလျှက်ရှိသည်။နေရောင်ခြည်ဟာ အနွေးအထွေးဆုံးဖြစ်နေစေကာမူ သူ့အတွက်တော့ တစ်စုံတစ်ယောက်၏ ထွေးပွေ့မှုကိုသာ တမ်းတလျှက်ရှိသည်။

ဝုန်း

"သူဌေး"

"ဘာဖြစ်လာတာလဲ။"

အလောတကြီးဝင်လာသည့်မေကြောင့် နွယ်မှိန်းနေရာကနေ ကြည့်မိသည်။

"Minnie ဆိုတာ ကိုပြည့်ဝနိုင်တဲ့"

"ဟင်"
"ပြည့်ဝနိုင်"
"မြတ်နိုးငယ်..."
"တီ တီ.."
"ဖုန်းကိုင်ပါကွယ်။မြန်မြန်ဖုန်းကိုင်ပါ။"

"ဟယ်လို"

"ငယ်..."

ရုတ်တရက် အကောင်လေးကို မျက်လုံးထဲပေါ်လာသည်။သူမကြိုက်ချေ။ငယ်လို့ဆက်ခေါ်နေသည်ကို သူမကြိုက်ပေ။

LoveWo Geschichten leben. Entdecke jetzt