Part 22

1.5K 105 2
                                    

မနက်ခင်းရဲ့ နေရောင်ခြည်ဟာ လူသားတစ်ယောက်တဖြစ်လည်း အမျိုးသမီးတစ်ယောက်၏ ချစ်ရသူ အကောင်လေးတစ်ကောင်ထံသို့ ကျရောက်လာခဲ့သည်။လှပစွာဖြာယှက် ကျရောက်လာသော နေရောင်ကြောင့် နေရောင်အောက်က အမျိုးသမီးငယ်ဟာ လူးလွန့်လာခဲ့သည်။နိုးလာတာနဲ့တစ်ပြိုင်နက် တွေ့လိုက်ရတဲ့ ချစ်ရသူ၏ မျက်နှာကြောင့် တစ်နေ့တာဟာ ပြည့်စုံသွာချေပြီ။ခုတင်ပေါ်မှာ ငြိမ်းချမ်းစွာ အိပ်စက်နေတဲ့ မျက်နှာနုနုလေးကို လက်တစ်‌ဖက်နဲ့ အသာအယာပွတ်သပ်ကြည့်မိသည်။အသားချင်းထိတွေ့လိုက်ရတဲ့အလိုက်အတန့်မှာပဲ အပြုံးတွေဟာ ပို၍ သက်ဝင်တောက်ပလာသည်။အပြုံးတွေရဲ့ နောက်မှာတော့ အတိတ်ရဲ့ခြောက်လှန့်မှုတွေဟာ ဖိတ်ခေါ်ခြင်းမရှိဘဲ ရောက်လာခဲ့သည်။

နိုးလာလို့ မျှော်မှန်းထားသူမဟုတ်ခဲ့ရင် သူ့ရဲ့မနက်ခင်းကို ဖျက်စီးမိသွားမလားလေ။တစ်နေ့တာလုံးကို စိတ်ပျက်သွားစေမလား။ဒါမှမဟုတ် ကိုယ့်ကို စိတ်ကုန်သွားမလား။စိတ်ဆိုးသွားမလား။
ဒီလိုအတွေးတွေကြောင့်ပဲ အန်တီမနိုးခင် အရင်ထွက်သွားခဲ့တာပေ။အခုတော့ ထွက်သွားရဦးမည်။
ဘေးမှာရှိတဲ့ ‌အပေါ်ထပ်တစ်တည်ကို ဆွဲယူကာ အိမ်ပြင်သို့ထွက်လာသည်။
မီးဖိုပေါ်က အာလူးကြော်တချို့နဲ့ ထမင်းဆီဆမ်းဟာတော့ အငွေ့တထောင်းထောင်းပင်။အနားတွင်လည်း ပျားရည်တစ်ခွက်ကို မမေ့မလျော့ထားခဲ့သေးသည်။

🍟

"ဟင်း...ဗိုက်ဆာတယ်။"

မျက်လုံးကို မဖွင့်သေးဘဲ လက်နှင့်စမ်းကြည့်သော်လည်း လေဟာနယ်သာ အဖော်ပြုလျှက်ရှိကြောင်းကို သတိထားမိသည်။ဖြေးဖြေးချင်းထလိုက်ကာ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည်။

"အကောင်လေးအိမ်..."
"မနေ့က အကောင်လေးနဲ့တွေ့သေးတာလား။"

"‌အကောင်လေး...ကလေးငယ်"
"ကလေးမရေ"
"ပန်းဝင့်လွှာ"

မျိုးစုံနေအောင်ခေါ်ကြည့်သော်လည်း ထူးသူတော့မရှိချေ။

"ကိုယ့်ဘာသာ ရောက်လာတာလား။"

စဉ်းစားခန်းစချေပြီ။မှတ်ဉာဏ်ထဲတွင် အကာင်လေးကို စိတ်ဆိုးကာ အ‌လုပ်မသွားဘဲ အရက်ဆိုင်ရောက်သွားသည်။နောက်တော့ အရက်သောက်သည်။

LoveWhere stories live. Discover now