Part 8

1.5K 86 4
                                    

မြင်နေကြမဟုတ်သည့် မ နှင့် ပန်း၏ ပုံစံကြောင့် အတွေးထဲတွင်နစ်မြောနေရာမှ မြတ်နိုးငယ်တစ်ယောက် ပြန်လည်အသိဝင်လာကာ ဒေါ်ခင်ထားနွယ်ကို ခေါ်လိုက်သည်။

"မ"

ငယ့်ရဲ့ခေါ်သံကြားမှသာ အ‌ရှေ့က ကလေးမဆီမှ မျက်လုံးတွေကို ခွာလိုက်မိသည်။ ခင် ဒီကောင်မလေးအကြောင်းကို ပိုသိချင်ပါသည်။ စိတ်ထဲမှာ ဒီ‌ကလေးမအကြောင်းကို ငယ့်ဆီကနေ မေးရမည်ဟု စဉ်းစားမိလိုက်သည်။ သို့သော် ကောင်လေးတစ်ယောက်နဲ့အတူတူလာသော ငယ့်ကို မြင်လိုက်ရတာကြောင့် ကျန်တာတွေအကုန်မေ့သွားချေပြီ။

"ငယ် ဘယ်ကနေ ဘယ်သူနဲ့ပြန်လာတာလဲ"

"ဟို ငယ် အပြင်ထွက်ဖို့လုပ်ရင်း နိုင်နဲ့တွေ့လို့ အတူသွားလိုက်တာပါ။ နိုင်က ငယ့် သင်တန်းက ကျောင်းသားပါ မရဲ့။"

''နိုင်' 'နိုင်' တဲ့လား။'
'လူရှေ့မှာ ရဲရဲဝံ့ဝံ့ လက်ချင်းချိတ်ပြနိုင်တဲ့ ချစ်သူတစ်ယောက်ရလာခဲ့မယ်ဆိုရင် တို့ကို ပစ်သွားမလား။ အတိုက်အခိုက်များပြီး ရှုပ်ထွေးတဲ့ တို့လို မိန်းမတစ်ယောက်နဲ့ အချစ်အစား ပိုပြီး သာမန်ဆန်ပြီး လွယ်ကူတဲ့ ယောက်ျားတစ်ယောက်နဲ့ပဲ အိမ်ထောင်ပြုပြီး သဘာဝကျတဲ့၊ အေးဆေးတဲ့ ဘဝမျိုးကို မင်း ပိုလိုချင်သည်မဟုတ်လား။
တို့စိတ်ပူနေတာတွေ တကယ်ဖြစ်လာနေပြီလား ငယ်...'

"တို့ မင်းရဲ့ ကျောင်းသားတွေကို အကုန်သိပါတယ်။ ဒီတစ်ယောက်ကိုတော့ မမြင်ဖူးဘူး"

''မင်း'ဆိုတဲ့က သိလိုက်ပါပြီ။ သူစိတ်ဆိုးနေပြန်ပါပြီ။ မကလည်း ကလေးကလားနဲ့ သူပဲ ကောက်၊သူပဲ ဆိုးနဲ့ တကယ်ပါပဲ...'
တစ်ခါတစ်ခါတော့ ငယ့်ကို ချစ်လို့မှန်းသိပေမယ့် တကယ့်ကို ရင့်ကျက်မှုမရှိတာကြောင့် ပင်ပန်းပါသည်။

"ကျွန်တော်က အခုမှ အသစ်ရောက်တာမို့လို့ အန်တီမသိတာနေမှာပါ။"
"ဒါနဲ့ အန်တီက တီချယ်နဲ့ အတော်ရင်းနှီးတယ်ထင်တယ်။ သင်တန်းသားတွေကိုတောင် အကုန်သိတယ်ဆိုတော့လေ"

ပြည့်ဝနိုင် ဒီအမျိုးသမီးကို စိတ်မဝင်စားပေမယ့် တီချယ်ကို ပိုင်စိုးပိုင်နင်းပြောနေပုံကို သဘောမကျပေ။
'အစတည်းက ကောင်းသောရေစက်မဟုတ်ပေမယ့် တီချယ်နှင့် ဒီလိုပုံစံထိပါ ပတ်သက်လာတော့ ပိုဆိုးတဲ့ရေစက်ဖြစ်သွားပြီပဲ ဒေါ်ခင်ထားနွယ်'

LoveWhere stories live. Discover now