Part 7

1.5K 95 2
                                    

ဒီနေ့တော့ သင်တန်းရှေ့မှာ အကောင်လေးကို တောင်းပန်ဖို့ အစောကြီးထဲက ထိုင်စောင့်နေလိုက်တယ်။

'ဟော ရောက်လာပါပြီ။တို့ရဲ့ အကောင်လေး'

တို့ကို ကြည့်နေတဲ့မျက်ဝန်းတွေဟာ ပဟေဠိဖွက်နေသလိုပင်။သူ့မျက်လုံးကို ကြည့်ပြီး သူ့စိတ်ကို မခန့်မှန်းနိုင်ပေ။သို့သော် နွယ့်ကို စိတ်ဆိုးမနေတာတော့ သေချာ‌ကြောင်းကိုတော့ သူ့ရဲ့ နူးညံ့တဲ့ မျက်ဝန်းနက်နက်ကလေးက သက်သေပြနေသည်။

ရှေ့မှာ လှမ်းမြင်နေရတဲ့ တီချယ့်ချစ်သူဟာ သိပ်ကို ပြည့်စုံတဲ့ သံစဉ်တစ်ခုလိုပင် လှပငြိမ့်ညောင်းသည်။သို့သော် ဒီသံစဉ်ရဲ့ သီဆိုသူရော ဖန်တီးသူပါ ပန်းမဟုတ်ခြင်းဟာ နှမ်းစေ့မျှလောက်တော့ ဝမ်းနည်းစရာကောင်းပါသည်။

‌ရှောင်သွားမယ်ထင်ပေမယ့် ရှေ့တည့်တည့်မှာရပ်တဲ့ ဒီကလေးမကြောင့် အနည်းငယ်တော့ အံ့ဩမိပါသည်။သို့သော် တောင်းပန်ဖို့တာဝန်ရှိနေသည်မဟုတ်လား။ဒါကြောင့် အရင်ဆုံး သူ့ရှေ့မှာ မတ်တပ်ရပ်လိုက်တယ်။

"ပန်း အဆင်ပြေပါတယ်"

ဘယ်ကနေစတောင်းပန်ရမလဲ စာစီထားခဲ့ပေမယ့် နွယ့်အသံတစ်ချက်မထွက်ရသေးခင် အရင်ပြောလာတဲ့ ဒီကလေးမက ထူးဆန်းသည်။အနည်းငယ်...မဟုတ်ဘူး။အတော်လေးကို ထူးဆန်းပါသည်။ကိုယ့်ကို အလကားနေရင်း ပါးရိုက်တဲ့သူကို အနည်းငယ်ဖြစ်ဖြစ်တော့ စိတ်ဆိုးသင့်သည်မလား။ဒီအကောင်လေးဟာ သိပ်ကို ထူးဆန်းပါသည်။

"ဘယ်လိုပဲဖြစ်ဖြစ် တို့ဘက်က လွန်သွားတာကို ဝန်ခံပါတယ်"

တောင်းပန်စကားဟာ ဒီလောက်ဆို လုံလောက်ပြီမလား။နွယ်က တောင်းပန်ပါတယ်၊ကျေးဇူးတင်ပါတယ်၊ချစ်တယ် ဆိုတဲ့ စကားတွေကို ငယ်တစ်ယောက်တည်းကိုသာ ပြောမည်ဟုဆုံးဖြတ်ချက်ချထားသောကြောင့်သာဖြစ်သည်။

"အင်း။ရပါတယ်။ဒါက ဖြစ်တတ်ပါတယ်"
"လူတစ်ယောက်ကို သိပ်ချစ်မိတော့လည်း ဒီလိုဖြစ်တာမဆန်းပါဘူး။"

"မင်းလည်း အဲ့လိုထင်တယ်မလား။တို့ သူ့ကို သိပ်ချစ်လို့ ဒီလိုတွေဖြစ်တယ်ဆိုတာ"

LoveWhere stories live. Discover now