Part 13

1.4K 109 3
                                    

အန်တီ့ရည်းစားအဖြစ်နဲ့ နိုးထရတဲ့ တစ်နေ့တာဟာ ပန်းအတွက် ပျော်ရွှင်ဖွယ်အတိဖြစ်သည်။မနက်မိုးလင်းကတည်းက ပြုံးရွှင်နေသည်မှာ မြင်သူများပင် သံသယဝင်‌‌ လောက်သည်။ပန်းဝင့်လွှာဆိုတဲ့ ရေခဲမင်းသမီးလေး ပျောက်သွားသလားတောင်ထင်မိလောက်ပေသည်။

မနက်ခင်းထကာ မုန့်လုပ်နေလိုက်သည်။ကိတ်မုန့်တော့ မဟုတ်ပါ။
ကိတ်မုန့်ဆိုရင် တီချယ့်လုပ်တာကိုပဲ အန်တီ ကြိုက်သည်မလား။ပန်း လုပ်ပေးတဲ့ မုန့်ကြောင့် အန်တီမနာကျင်စေချင်ပါ။

မုန့်လုပ်ပြီးတော့ အန်တီ့ ရုံးခန်းကို ထွက်ခဲ့သည်။

"အန်တီ"

အလုပ်လုပ်နေတဲ့ အမျိုးသမီးသာ သိပ်ကို ကြည့်ကောင်းတာကြောင့် အတန်ကြာ ရပ်၍ ငေးနေမိသည်။မုန့်တွေက အေးသွားရင် စားမကောင်းတော့မှာကြောင့် လှမ်းခေါ်လိုက်ရသည်။

စာရွက်ပေါ်မှာရှိနေတဲ့ အကြည့်တွေက ပန်းဆီသို့ ကျရောက်လာသည်။

"ကလေးမ အစောကြီးရောက်လာတာပါလား"

"မနက်စာ မစားရသေးဘူးမလား။"

"တို့က မနက်စာမစားဘူး။"

"မစားလို့မရဘူလေ။မနက်စာက အ‌ရေးကြီးတယ်။နေ့တစ်နေ့ရဲ့ ပထမဆုံးအစားအသောက်မလား။အားအင်အပြည့်နဲ့ စိတ်ကြည်ကြည်လင်လင် အလုပ်လုပ်ချင်ရင် မနက်စာကို ဂရုတစိုက်စားသင့်တယ်။"

သူလုပ်လာတဲ့ မုန့်ဘူးတွေကို ဖွင့်ရင်း ပါးစပ်ကလည်း တပြောပြောနဲ့ ကလေးမကို နွယ်ပြုံးပြီးကြည့်နေမိသည်။ဂရုစိုက်ခံရတာ သိပ်ကောင်းသည်မဟုတ်လား။ငယ့်ကို သတိရတဲ့အချိန်တိုင်း အလုပ်ပဲ ဖိလုပ်နေတာကြောင့် ကြာတော့ လူက မခံနိုင်တော့ပေ။ဒီလိုအချိန်မှာ အာရုံလွှဲစရာဆို ဒီကောင်မလေးပဲ ရှိသည်မလား။

"ဟုတ်ပါပြီ။အစ်မရယ်။
စားပ့ါမယ်။ဆရာဝန်လားမသိပါဘူး။
ဘာဓာတ်တွေ ဘာဓာတ်တွေပါတယ်ပါ ပြောဦးမှာလား အစ်မ"

"မပြောတော့ပါဘူး အန်တီရဲ့
စားတော့နော်။"

တချို့မုန့်တွေကို နွယ်တစ်ခါမှမမြင်ဘူးတာကြောင့် ဘာမှန်းတော့ နွယ်မသိပါ။အရင်ကဆို ငယ့်ဆီမှာပဲ စားနေကြလေ။နွယ်ကိုယ်တိုင်လည်း ထမင်းနဲ့ဟင်းလောက်သာ ချက်တတ်သည်လေ။
မုန့်တွေကို တစ်ခုစီမြည်းကြည့်နေလိုက်သည်။နွယ်သိလိုက်တာက သူ ဟင်းချက်တာလည်း သင်ဖူးတာဖြစ်မည်။

LoveWaar verhalen tot leven komen. Ontdek het nu