Part 11

1.4K 100 2
                                    

အိပ်မက်ထဲမှာ ငယ်က နွယ်ကို ထားပြီးထွက်သွားတယ်။အမှောင်ထဲမှာ နွယ်တစ်ယောက်တည်းငိုကြွေးနေချိန် အလင်းတန်းတစ်ခုနောက်ကို ‌လိုက်ရင်း နိုးထလာခဲ့သည်။နွေးထွေးလွန်းတဲ့ ထိုအလင်းတန်းဟာ မျက်လုံးနှစ်လုံးပွင့်ပြီး အတန်ကြာသည်မအထိ နွယ့်ကို ထွေးပွေးထားသလိုပင်။

နွယ်နိုးနေတာ တအောင့်လောက်ရှိပါပြီ။ကုတင်ဘေးမှာ ထိုင်ကာ ‌ကုတင်ပေါ်ခေါင်းတင်ပြီး အိပ်ပျော်နေတဲ့ အကောင်လေးကြောင့် ငြိမ်ငြိမ်လေးကြည့်နေလိုက်သည်။ချစ်စရာကောင်းသော မျက်နှာလေးဟာ မမြင်လိုက်ရတဲ့ တစ်ရက်အတွင်းမှာ နွမ်းလျစွာ မြင်တွေ့နေရသည်။ပင်ပန်းနေပုံရသည့်သူ့ကြောင့် နိုးသွားမှာတောင် စိုးမိသည်။
ခဏနေတော့ အကောင်လေး လူးလွန့်လာသည်။ချစ်စရာ‌ကောင်းသော မျက်လုံးဝိုင်းဝိုင်းလေးအား ကမ္ဘာကြီးကို ပြသရန် မျက်တောင်ရှည်ရှည်လေးများအား အနည်းငယ် ပုတ်ခတ်လိုက်ရင်း နိုးထလာသည်။ကမ္ဘာပေါ်မှာ ဒီထက်လှတဲ့ မြင်ကွင်းမျိုးမရှိနိုင်ပေ။

"အန်တီ နိုးနေပြီလား။"

"အင်း"

'အန်တီ' တဲ့။နွယ့်ကို ပထမဆုံး အကောင်လေးခေါ်တဲ့ နာမ်စားဟာ အန်တီတဲ့။ကိုယ်ပိုင်နာမ်စားရှိလာသည်ကို ပျော်ရွှင်မိသော်လည်း 'တီချယ့်ချစ်သူ' ဆိုတဲ့ ခေါ်ဝေါ်သံကို လွမ်းဆွတ်မိသည်။ဟုတ်သည်။မိမိဟာ ငယ့်ချစ်သူမှ မဟုတ်တော့ပါပဲ။အမှန်တရားတစ်ခုကို လက်ခံလိုက်ခြင်းဟာ ထိုမျှလောက် ခက်ခဲမည်ဟု နွယ် တစ်ခါမျှ မတွေးခဲ့ဘူးပါ။

"ရေနည်းနည်းလောက် အရင်သောက်လိုက်နော်။ပြီးရင် ဆန်ပြုတ်သောက်ရအောင်"

"ဆန်ပြုတ်မသောက်ချင်ဘူး။"
"တို့အဲ့ဒီ ပျစ်ပျစ်ချွဲချွဲကြီးကို မကြိုက်ဘူး။"

"စွတ်ပြုတ်၊ခေါက်ဆွဲပြုတ်၊နွားနို့နဲ့ အိုဗာတင်းလိုဟာတွေ စားလို့ရတယ်။
အန်တီဘာစားချင်လဲ။"

"အဲ့ဒါတွေတစ်ခုမှမကြိုက်ဘူး။"

"ဒီလိုလုပ်။ဆန်ပြုတ် တစ်ပန်းကန်တော့ ကုန်အောင်သောက်လိုက်ပါ။ပြီးရင် ဆေးသောက်လိုက်နော်။"
"ပြီးရင်အန်တီ ကြိုက်တဲ့ဟာ ကျွေးမယ်။"

LoveDonde viven las historias. Descúbrelo ahora