Part 5

1.6K 103 0
                                    

နွေးထွေးသောနေရောင်ဟာ လှပစွာဖြာကျနေသော ချစ်စဖွယ်အခန်းလေးထဲတွင် လူငယ်တချို့ မုန့်ဖုတ်နေကြသည်။ ထိုနေရာကတော့ မုန့်ဖုတ်သင်တန်းတစ်ခုဖြစ်သည်။ မုန့်ဖုတ်သင်တန်းထဲတွင် မြင့်သူနှင့် ပန်းဝင့်လွှာတို့လည်းပါဝင်သည်။
ပန်းဝင့်လွှာသည် အချိန်တွေပိုနေသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ ဘွဲ့ရပြီးခါစ၊ အလုပ်ကတော့ freelancer အဖြစ်သာ အနည်းငယ်လုပ်သည်။ ကျန်တဲ့အချိန်တော့ တက်ချင်တဲ့သင်တန်းတွေ လျှောက်ပတ်တတ်နေတာပေါ့။ ပိုက်ဆံတွေက ဘယ်ကရနေတာလည်းဆိုရင်တော့ ပန်းမှာ အလုပ်ရှိပါသည်။ သင်တန်းတွေ၊ freelancer တွေအပြင် သူတကယ်လုပ်နေသည့်ပေါ့။ သို့သော် ထိုအလုပ်ကို သိသူမှာ အလွန်နည်းပါသည်။
မုန့်ဖုတ်နေသော ပန်းကို ကြည့်ကာ အတွေးလွန်တုန်း ပန်းဘေးက ကောင်လေးတစ်ယောက်ကို မြင့်သူသတိထားမိသွားသည်။

"ဟေ့ မုန့်ဖုတ်သင်တန်းကို ဘာလို့ လာတက်တာလဲ။ ယောကျာ်းလေးဖြစ်ပြီးတော့..."

ကိတ်မုန့်ကို ခရင်(မ်) သုတ်နေတုန်း ကြားလိုက်တဲ့ မြင့်သူအသံကြောင့် မြင့်သူကို စူးကနဲစိုက်ကြည့်မိလိုက်သည်။

"‌မဟုတ်ပါဘူး ပန်းရယ်...
ယောကျာ်းလေးတွေလည်း သင်လို့ရတာသိပေမယ့် ဘာလို့ စိတ်ဝင်စားလည်း သိချင်လို့မေးတာပါ"

ပန်းအကြောင်းကို သိသည့်အတွက် မြန်မြန်ပဲ ဖြေရှင်းလိုက်ရသည်။ ဒီလို ကန့်သတ်ချက်တွေကို ပန်း သိပ်မုန်းပါသည်။ ထို့အတူ သူများကိစ္စကို လိုသည်ထက်ပို၍ အကြောင်းပြချက်မရှိ၊အကျိုးမရှိ စပ်စုခြင်းကိုလည်း ပန်းသဘောမခွေ့ပေ။ ထိုသို့သော သူမျိုးကိုလည်း ပန်း အထင်မကြီးချေ။

"တကယ်တော့ ငါက ဒီလို မုန့်ဖုတ်သင်တန်းကို စိတ်မဝင်စားပါဘူးဟ~
ငါက ယောကျာ်းစစ်စစ်ကြီးကို ဒါတွေ စိတ်ဝင်စားမလား။"

'သေပြီ။မေးမိတဲ့ ငါ့အမှားပါ' ဟုပင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတော့သည်။ ပန်းကို လှည့်ပင်မကြည့်ရဲတော့ပေ။

ရှေ့က ပြည့်ဝနိုင်ဆိုတဲ့တစ်ယောက်ရဲ့ စကားတွေကြောင့် ကိတ်မုန့်ဖုတ်နေသာ လက်များဟာ ခဏတာရပ်တန့်သွားသည်။ စတွေ့တည်းက ရနေတဲ့ ခံစားချက်တွေက အခုတော့ သရဲလို ဘီလူးလို ဘွားကနဲ သရုပ်ပြလာချေပြီ။

LoveWhere stories live. Discover now