Part 19

1.6K 102 2
                                    

"ဒီတစ်ခါတော့ ကော်ဖီဆိုင်ပေါ့"

"အင်း နေ့လည်စာချိန် အမှီ တွက်ထားတာ"

"ဘာသောက်မလည်း ကလေး"

"Black Coffee ကို နို့မှုန့်လေး တစ်ဇွန်းလောက်ထည့်ပေးပါ အန်တီ"

"ထူးဆန်းတဲ့ ကလေးမပဲ"

"အဟင်း...
နည်းနည်းပါ"

"အခုတော့ မင်းရဲ့ ဝါသနာနဲ့ ရင်းနှီးတဲ့လူတွေအကြောင်းပြောပြ"

"ဝါသနာကတော့ လုပ်လို့ရတာမှန်သမျှအကုန် ဝါသနာပါတယ်။သူငယ်ချင်း‌ထဲမှာဆိုရင် မြင့်သူရှိတယ်။ကျန်တာတွေကတော့ မိတ်ဆွေတွေလောက်ပဲ။"

"အားတဲ့အချိန်တွေ ဘာလုပ်တတ်လဲ"

"ခုနကပြောတဲ့ လုပ်လို့ရတဲ့ ဝါသနာအကုန်လုပ်တယ်။"

"တို့ကတော့ သိတတ်တဲ့ အရွယ်ထဲက စီးပွားရေးလောကထဲမှာပဲ ရှိနေတာကြောင့် ဝါသနာဆိုလည်းဒါပဲ။အလုပ်ဆိုလည်း ဒါပဲ။အားလည်း ဒါပဲပေါ့။"

"စိတ်မပူပါနဲ့ အန်တီ။'အကောင်လေး' ဆိုတဲ့ဝါသနာတစ်ခုတိုးလာမှာပါ။"

"ဟား..ဟား
ဒါပေါ့။ပန်းဝင့်လွှာဆိုတဲ့ အကောင်လေးကတော့ တို့ရဲ့ အကြီးဆုံး ဝါသနာပေါ့။"

"ပန်းဆိုင်"

"အင်း မင်းကြိုက်တယ်မလား။"

"ဒါပေါ့။"

"ဒီတစ်ခါ မင်းအကြိုက်ဆုံးပန်းနဲ့ အရောင်ကိုပြောပြ"

"ပန်းတွေအားလုံးကို ကြိုက်ပေမယ့် အကြိုက်ဆုံးကတော့ lavender ပဲ။အပြင်မှာ မတွေ့ဖူးခင်တည်းက ကြိုက်ခဲ့တာ။အစ်မတွေလိုပဲ"

"အစ်မတွေဆိုတာ အိပ်ခန်းထဲက ကောင်မလေးတွေလား။"

"အင်း။ဟုတ်တယ်။
အကောင်လေးကို ဘယ်တော့မှ မထားခဲ့တဲ့သူတွေ
သတ္တိ၊မျှော်လင့်ချက်ကစလို့ နောက်ဆုံး အသက်ရှင်နေတဲ့ အကြောင်းအရင်းထိပါ သူတို့ပဲ။"

"သူတို့ကို အတော်ချစ်ပုံပဲ။တို့ထက်တောင်မှလေ။"

"အဲ့ဒါက မတူတဲ့ အရာတွေပါ။နှိုင်းယှဉ်လို့မရဘူး။"
"စာမပါဘဲ စာအုပ်ပဲ ရှိနေလို့မရသလို စာတွေချည်းရှိနေလို့လည်း မရဘူးလေ။"
"သူတို့က စာအုပ်ဆို အန်တီက စာပဲ။နှစ်ခုပေါင်းမှ ရှင်သန်ရာ စာအုပ်တစ်အုပ်ဖြစ်လာတာပေါ့။"

LoveWhere stories live. Discover now