ရုံးကို အစောကြီးရောက်ကာ အခန်းထဲမှာ ဖုန်းတစ်လုံးကို လက်ထဲကိုင်ထားပြီး ခေါက်တုန့်ခေါက်ပြန်လျှောက်နေသူမှာ ဒေါ်ခင်ထားနွယ်ပင်။သူ့ကြည့်ရသည်မှာ အတော်လေးကို ဂနာမငြိမ်ပေ။
ဖုန်းကို ကြည့်လိုက် လမ်းလျှောက်လိုက်နှင့်။ဘေးက မြင်နေရတဲ့ မေပါ ခေါင်းတွေနောက်လာပြီဖြစ်သည်။
"သူဌေး ဘာပြဿနာရှိလို့လဲဟင်
မေ့ကို ပြောကြည့်ပါလား။မေကူညီလို့ရရင် ကူညီပါ့မယ်။
အဲ့လိုကြီး လျှောက်မနေပါနဲ့တော့ မေပါ မျက်စိတွေနောက်လာပြီ။""တို့ message ပို့ချင်တာ"
"အဲ့ဒါများ ပို့လိုက်ပါ့လား သူဌေးရဲ့"
"တို့ ကြောက်လို့"
"ဟမ်..တစ်မိုးအောက် နှစ်ယောက်မရှိတဲ့ ဒေါ်ခင်ထားနွယ်လည်း ကြောက်တဲ့ဟာရှိသေးတယ်ပေါ့။"
"ဟား..ဟား..ဟား""ဟာ ဒီမှာမှ စိတ်ရှုပ်ရတဲ့ထဲလာပြောင်နေတယ်
သွားစမ်းဟာ.. သွားစမ်း""မောင်းထုတ်တော့လည်း သွားပါပြီ။"
"နေဦး။
မျက်လုံးမှိတ်ထား""ဘာ..ဘာလုပ်မလို့လဲ"
"ရှည်လိုက်တာ မှိတ်ဆို မှိတ်လိုက်"
မျက်လုံးမှိတ်ထားတဲ့ မေ့နားသွားကာ သူ့လက်ကို ကိုင်လိုက်သည်။ထို့နောက် စာပို့တဲ့ ခလုတ်လေးကို နှိပ်လိုက်သည်။
"အဟမ်း..ရပြီ မျက်လုံးဖွင့်ပြီး
ထွက်သွားတော့"မေ မျက်လုံးတွေပါ ပြူးကုန်ပြီ။စာပို့ဖို့အရေး မေ့လက်ကို ငှားရတယ်လို့။
"တယ်လည်း အံဩစရာကောင်းတဲ့ အပျိုကြီး။ဒီလိုတွေ ထူးထူးဆန်းဆန်းတွေ လုပ်လို့လည်း အခုထိယောက်ျားမရတာ""ဟိုနားက တစ်ယောက် ဘာတွေ တိုးတိုး တိုးတိုးနဲ့ ပြောနေတာလဲ။အကုန်ကြားတယ်နော်။လစာထုတ်ရက်နီးနေပြီ ဘာမှတ်နေလဲ။"
"ဘာ..ဘာမှပြောပါဘူး သူဌေးရဲ့
ဟဲ..ဟဲ
အလုပ်လုပ်သွားလုပ်တော့မယ်နော်။"ရယ်ကျဲကျဲလုပ်ကာ ထွက်သွားသော မေရဲ့နောက်တွင် စိတ်လှုပ်ရှားနေသော သူဌေးမကြီးကို တွေ့ရမည်ဖြစ်သည်။
![](https://img.wattpad.com/cover/334896638-288-k769085.jpg)
YOU ARE READING
Love
Romanceအချစ်ကို ဖွဲ့နွဲ့မပြတတ်ပေ။ အချစ်ဆိုတာ ပျော်ရွှင်မှုသာ ဖြစ်မည်။ လုံခြုံမှုသာ ဖြစ်မည်။ နှလုံးသားရဲ့ ဖွဲ့နွဲ့မှုလည်းဖြစ်နိုင်သည်။