Part 20

1.5K 104 0
                                    

"ပန်းချီလက်ဆောင်ပေးလိုက်တဲ့ နေ့က ကျကျန်နေခဲ့တာ"
"နောက်နေ့ကျ ပေးမလို့ကို တွေ့ကာရှိသေးတယ်။ရိုက်လွှတ်လိုက်တာကို"

"တို့ တောင်းပန်ပါတယ်"

"တော်ပါနော်။အခုမှလာပြီး မျက်နှာငယ်လေးလုပ်ပြနေတယ်။"
"ဒီ လက်စွပ်လေးလို ကျမပျောက်ခဲ့စေနဲ့နော်။"

"စိတ်ချပါ။တို့ ကိုယ်နဲ့မကွာဆောင်ထားမယ်။"

"ဟား..ဟား အဲ့ဒါတော့ မရဘူးလေ။အကောင်လေးမှာ အလုပ်တွေရှိသေးတယ်။တစ်ချိန်လုံးကပ်မနေနိုင်ဘူးလေ။"

ခေါင်းငုံလိုက်ကာ နှုတ်ခမ်းတွေကို ဆူထားလိုက်ပုံက ချိုချဉ်မစားရသည့် ကလေးငယ်လေးလိုပင်။အန်တီဟာ ပန်းအတွက်တော့ မှီခိုတစ်ခုတည်း မဟုတ်ချေ။ကာကွယ်ရမည့်သူလည်းဖြစ်သည်။ကလေးလေးလို ဖြူစင်တဲ့ အန်တီ့ကို ဘယ်သူကမှ ထိခိုက်အောင် မလုပ်နိုင်စေရန် ပန်း ကာကွယ်မည်။

"နောက်ကျနေပြီ။ပြန်လိုက်ပို့တော့မလား။"

"အင်း။လိုက်ပို့မယ်လေ။"

🌱

"အန်တီ"
"ဒီနေ့ စာမေးပွဲရှိလို့ မလာဖြစ်တော့ဘူးနော်။"

ဖုန်းပေါ်တွင် ပေါ်ထွက်လာသော စာလေးကြောင့် ကြည်လင်နေတဲ့ မနက်ခင်းလေးဟာ ရုတ်ချည်း ‌မှုန်မှိုင်းသွားသည်။သို့သော် နွယ်က ဆေးကျောင်းသူကိုမှ ချစ်သူတော်ထားတဲ့ လုပ်ငန်းရှင်ဖြစ်နေတော့လည်း ဒါမျိုးတွေက နောက်လည်း အများကြီး ကြုံတွေရဦးမှာ အသေအချာပင်။သက်ပြင်းလေးသာသာ ချရုံမှလွဲလို့ နှစ်ယောက်လုံးမတတ်နိုင်ပေ။

"အင်းပါကွယ်။
တို့အကောင်လေးကို ယုံပြီးသား။အကောင်းဆုံးသာလုပ်ခဲ့ပါကွယ်။"

"ဟုတ်ကဲ့ အန်တီ"

"သူဌေး အစည်းအဝေးချိန်ရောက်ပါပြီ။"

"အင်း တို့လာခဲ့မယ်။"

🍀

"ဟယ်လို"

"အင်း ကလေးငယ်‌ ပြော"

"အလုပ်ရှုပ်နေလားဟင်"

အန်တီဘယ်လိုဖြေရမလဲ ကလေးငယ်ရယ်။
အလုပ်ရှိတယ် ဆိုရင် သူလုပ်ချင်တာ၊ပြောချင်တာကို ဆက်ပြောတော့မည်မဟုတ်ချေ။တော်ရုံအခြေအနေဆိုလည်း ဖုန်းဆက်တတ်သူမဟုတ်ချေ။
အခု နွယ်က စက်ရုံမှာ ကုန်ကြမ်းတွေစစ်ဖို့ ရောက်နေခြင်းဖြစ်သည်။အရင်ယူနေကြလူနဲ့ အဆင်မပြေတော့လို့ အသစ်ပြောင်းယူချိန်ဖြစ်တာကြောင့် ပထမဆုံးအကြိမ် နွယ်ကိုယ်တိုင်လာစစ်ခြင်းဖြစ်သည်။အမှားအယွင်းဖြစ်သွား၍ မရ‌။
တစ်ဖက်တွင်လည်း အကောင်လေးနှင့်မတွေ့ရသည်မှာ နှစ်ပတ်လောက်ရှိပြီဖြစ်သည်။

LoveWhere stories live. Discover now