"ဒါလေးတစ်စည်းပေးပါနော်။"
လက်ထဲကိုရောက်လာတဲ့ Lavender လေးတစ်စည်းကို ကြည့်လိုက်မိသည်။ကမ်းပေးတဲ့သူဟာ နေ့စဉ်နေ့တိုင်းထိုသူပင်ဖြစ်သည်။"ပန်းတိုင်းဟာ ကိုယ်ပိုင်ပုံပြင်တွေကို သယ်ဆောင်ထားသလို လူတိုင်းမှာလည်းသူတို့ကိုယ်ပိုင်ပုံပြင်တွေရှိကြတယ်။သူတို့သာမမျှဝေချင်ရင် သူတို့ပုံပြင်တွေကိုမစပ်စုပါနဲ့"လို့ပြောခဲ့ဖူးတဲ့ အဘိုးရဲ့စကားကြောင့်သာ ငြိမ်နေရသည်။မေးချင်၊ပြောချင်နေသောစကားမျာမှာ အပြည့်အသိပ်ပင်ရှိနေသည်။ဒီတစ်ခါတော့ မရတော့ချေ။ပြောမှဖြစ်မည်။
"အန်တီ"
မထူးဘဲ တစ်ချက်သာမော့ကြည့်လာသောအမျိုးသမီးသည်အဓိပ္ပာယ်အပြည့်ပါသော မျက်ဝန်းလှလှလေးတစ်စုံကိုပိုင်ဆိုင်ထားသည်။
"ဘာလို့ Lavender ပဲဝယ်တာလဲ။တခြားပန်းလည်းဝယ်ပါဦးလား။"
"Lavender မှာ သိမ်းဆည်းထားတဲ့ မှတ်ဉာဏ်တချို့ရှိလို့ပါကွယ်။"
"တခြား ဘာပန်းရောင်းချင်လို့လဲ။တို့ဝယ်မယ်လေ။""အဲ့လိုမပြောပါနဲ့ အဘိုးသိရင်မိုးမီးလောင်လိမ့်မယ်။"
"အဘိုးက ပြောထားတယ်။ပန်းလာဝယ်တဲ့သူကို သူတို့လိုချင်တဲ့လိုအပ်တဲ့ပန်းပဲရောင်းရမယ်တဲ့။တခြားပန်းတွေကို မရောင်းရဘူးတဲ့။အဲ့ဒါက ပန်းလက်ခံမယ့်သူရော ဝယ်သူရော ပန်းတွေကိုပါ မလေးစားရာရောက်တယ်တဲ့။ပန်းတိုင်းမှာ သူတို့ပိုင်ရှင်တွေရှိကြတယ်တဲ့။အချိန်တန်ရင် ပိုင်ရှင်တွေရောက်လာလိမ့်မယ်။တွေ့တဲ့သူကို ထိုးမအပ်ရဘူးတဲ့။"လက်ဟန်ခြေဟန်တွေနဲ့ ရှင်းပြနေတဲ့ ရှေ့ကကောင်မလေးဟာ တကယ့်ကို ဖြူစင်တဲ့ကလေးတစ်ယောက်လိုပင်။သူ့ကိုမြင်တော့လည်း တစ်ယောက်သောသူကို သတိရမိသား။တကယ်တော့ သူ့ကိုမြင်မှမဟုတ်ဘဲ အမြဲတမ်းသတိရနေခဲ့တာဖြစ်သည်။
"အဘိုးက ပန်းတွေကို အတော်ချစ်ပုံရတယ်နော်။"
"ဒါပေါ့ သူ့ဘဝမှာ ပန်းက အရေးကြီးဆုံးပဲ။"
"ဒါဆို တို့နဲ့တူတာပေါ့။တို့အတွက်လည်းပန်းက အရေးအကြီးဆုံးပဲ။"
![](https://img.wattpad.com/cover/334896638-288-k769085.jpg)
YOU ARE READING
Love
Romanceအချစ်ကို ဖွဲ့နွဲ့မပြတတ်ပေ။ အချစ်ဆိုတာ ပျော်ရွှင်မှုသာ ဖြစ်မည်။ လုံခြုံမှုသာ ဖြစ်မည်။ နှလုံးသားရဲ့ ဖွဲ့နွဲ့မှုလည်းဖြစ်နိုင်သည်။