နိဒါန်း

8K 405 27
                                    

မနက်ခင်းအချိန်အခါရဲ့ မနက်စာထမင်းဝိုင်းထဲ
Park အိမ်တော်က မိသားစုသည်လူစုံတတ်စုံ။
မိသားစုတစ်စုလုံးကတော့ Parkသူဠေးကြီးနဲ့
သူ၏သား နှစ်ယောက်ပင်ဖြစ်သည်။
သားအကြီးဆုံးက ParkJiHo၊
နဲ့သားအငယ်ဆုံးကတော့ParkJiminပင်ဖြစ်သည်။
အကိုအကြီးဆုံးက အိမ်ထောင်ကျ
လက်ထပ်ပြီးသူဖြစ်သော်ငြား အငယ်ဆုံးသော ParkJiminကတော့အလုပ်မရှိအကိုင်မရှိ
ပေတေလေလွင့်နေခဲ့သည်။

" နောက်တစ်ပတ်ထဲမှာ ရှယ်ယာရှင်များ
တွေ့ဆုံပွဲရှိလို့ ကျွန်တော် တိုကျိုကို သွားရမယ်
ဒယ်ဒီ.... "

" ဘယ်လောက်ကြာမှာလဲ..."

" နှစ်ရက်လောက်ပါပဲ..."

" Hyung တိုကျိုအပြန်လက်ဆောင်ဝယ်ခဲ့..."

အိမ်ကHyungနဲ့ ParkJimin ဟာ
မျက်နှာကျောတွေမတည့်၊ Parkအိမ်တော်မှာParkJiminကိုဆို ဘယ်သူတစ်ဦး
တစ်ယောက်ကမှကြည့်မရခဲ့ကြ၊
ထိုထဲတွင်ဒယ်ဒီလဲပါသည်။
ခုတော့ တန်ဖိုးရှိလှသည့်စကားဝိုင်းထဲ
ParkJiminပါလာတာနဲ့ကို မျက်နှာတွေက
သိသိသာသာပျက်ယွင်းကုန်သည်။

" အပျော်သွားတာမဟုတ်ဘူး...အလုပ်ကိစ္စနဲ့...! "

" ယောက်ျားကလဲ အပန်းကြီးတာလဲ
မဟုတ်တာကို ကလေးအတွက်တစ်ခုခု
ဝယ်ခဲ့ပေးလိုက်ပါ...Jiminလေးက
ဘာလိုချင်လို့လဲ...."

သူမကတော့ အကြီးဆုံးHyungရဲ့
အမျိုးသမီးဖြစ်သည့်LeeYuBiပင်ဖစ်သည်။
လောကကြီးမှာသူသာလျှင်စိတ်ကောင်းအရှိဆုံး
မိန်းမပုံစံတွေဖမ်းတတ်သည်။

" ဘာမှမလိုချင်ပါဘူး...ဒီတိုင်း
အာချောင်လိုက်တာ... "

ParkJiminဆိုသူကလည်းထိုကဲ့သို့ပင်၊
ကြည့်မရပါဘူးဆိုလျှင်၊ဘာကြောင့်ကြည့်မရလဲ
ဆိုတာကိုအဖြေရှာရင်း အရွဲ့တိုက်ကာပို၍
လုပ်တတ်သည်။

" လူကြီးတွေစကားပြောနေတာကို....
အာချောင်စရာများမှတ်နေလို့လား...."

" မနက်စာကလဲ အရသာမရှိလိုက်တာ..."

ဇွန်းခက်ရင်းကိုပန်းကန်ပြားဆီ
အသံမြည်အောင်ပစ်ချလိုက်ပြီး
တစ်ရှူးသုံးရွက်လောက်ကို ဆွဲထုတ်ကာ
နှုတ်ခမ်းပါးနား သုတ်လိုက်သည်။
ပြီးနောက်တွင်တော့ ParkJiminတို့ထုံးစံ
အတိုင်းမိုးလင်းကနေ မိုးချုပ်ထိလျှောက်သွား
လေလွင့်ပါတော့မည်။

ပန်းချီတွေငိုခြင်းWhere stories live. Discover now