ပန်းချီတွေငိုခြင်း{၈}

2.6K 285 5
                                    

ကြီးမားကျယ်ပြန့်လွန်းသော Parkအိမ်တော်က
ခြံဝန်းအကျယ်ကြီးထဲ လူတချို့ဖြင့် ပါတီပေးရင်း
သောက်စားပျော်ပါးနေခဲ့ကြသည်။

TaeHyung နဲ့SungWoonသည်လည်း
အိမ်ကိုခဏတဖြုတ် ပြန်နားပြီးနောက်မှာ
night party အတွက်ရောက်လာကြသည်။
Partyဆိုသည့်အတိုင်း Jeonရဲ့
အသိဘော်ဒါတချို့နဲ့Jiminရဲ့ဘော်ဒါတချို့
ပါဝင်ကြသည်။
လူကြီးတွေကတော့သက်သက်ဝိုင်းဖွဲ့ရင်း
အဆင်ပြေနေသည်။

Jeonရော Jiminရော နှစ်ဦးလုံးရဲ့
ဝတ်စားဆင်ယင်ထားပုံကအနက်ရောင်တွေကြီး၊
Jeonက အနက်ရောင်ရှပ်အက်ျီကို
အပေါ်ထပ်လက်ရှည်အနက်ရောင်ဗြောင်နဲ့
ဘောင်းဘီရှည်အနက်ရောင်ကို
တွဲဖက်ဝတ်ဆင်ထားသည်။
Jiminသည်လည်း အနက်ရောင်
အက်ျီလက်ရှည်ကို ကြယ်သီးတွေအပြည့်တပ်ထားပြီး ဘောင်းဘီအိတ်ထဲလက်တွေလျှိုလျက်
သူငယ်ချင်းဖြစ်သူ SungWoonနဲ့
စကားပြောနေခဲ့သည်။

Jeonကတစ်နေရာ Jiminကတစ်နေရာဖြင့်
သူတို့နှစ်ဦးကို တွဲမြင်ရဖို့အတော်လေး
ခက်ခဲသည်။

" ဒါနဲ့ Jeon..မင်းတို့ ဟန်းနီးမွန်းကိစ္စဘာညာရော
စီစဥ်ပြီးကြပြီလား..."

TaeHyungရဲ့အမေးကြောင့် လက်ထဲက
ရှိန်ပိန်တွေကိုတစ်ချက်မျှဝေ့ယမ်းရင်း
TaeHyungအားအလိုမကျဟန်မျက်လုံးတွေဖြင့်
ကြည့်သည်။

" လက်ထပ်ပွဲတောင်မတတ်သာလို့
လုပ်လိုက်ရတာကို ဘာဟန်းနီးမွန်းလဲ
ငါသိပ်ပျော်နေတယ်များ
ထင်နလို့​လား KimTaeHyungShii..."

" ဒါကတော့ကွာ မတတ်သာလို့လက်ထပ်ပြီး
မတတ်သာလို့ချစ်သွားကြတဲ့အတွဲတွေလည်း
ရှိပါတယ်.... ဘာမှစိတ်မညစ်နဲ့ အသေးလေးက
မိုက်ပါတယ်..."

" အဲ့လိုမှန်းသိမင်းနဲ့ပေးစားပါတယ်...."

Jeonစကားကြောင့် TaeHyungက
ရယ်ရင်းသာတုန့်ပြန်သည်၊ ရုတ်တရက်ကြီးကောက်ကာငင်ကာ Jeonလက်ထပ်လိုက်ရသည်မှာ
TaeHyungရဲ့ပယောဂတွေလဲမကင်းဘူးမလား။

" ဒါနဲ့ အဲ့တစ်ယောက်ကဘယ်သူလဲ Jeon..."

TaeHyungမေးငေါ့ပြရာကို
လှမ်းကြည့်လိုက်တော့Jiminနဲ့အတူရှိနေသော SungWoonပင်ဖြစ်သည်။
ခွက်ချင်းတိုက်ပြီး သောက်ရင်း၊ပြောရင်း
အဆင်ပြေနေကြပုံပဲ။

ပန်းချီတွေငိုခြင်းWhere stories live. Discover now