ပန်းချီတွေငိုခြင်း {၄၀}

3.1K 268 24
                                    

နှစ်ယောက်ထဲကမ္ဘာတဲ့။
ရင်းရင်းနှီးနှီးကြားဖူးနားဝရှိသော်ငြား
ကိုယ်တိုင်ကိုယ်ကျ နှစ်ယောက်တစ်ကမ္ဘာကို
ဖန်တီးဖူးသူတွေကတော့ရှားကောင်းရှားနိုင်ပါသည်။

စိတ်လွတ်လက်လွတ် ခရီးတွေထွက်ဖြစ်တာက
မိုင်ပေါင်းမြောင်များစွာဝေးလွန်းလှသည့်
နိုင်ငံတချို့ကို။
လည်ပတ်သည် ပျော်ပါးသည် အပူအပင်တွေကို
လုံးဝမေ့ဖျောက်ကာ မောင်နဲ့ပန်းချီငယ်ဟာ
အခုမှသာ စင်စစ်နှစ်ယောက်တစ်ကမ္ဘာ။

အတော်ကြာအောင် သွားရောက်လည်ပတ်၍
ဝမှသာ ကိုယ်ပိုင်အိမ်လေးရှိရာတိုကျိုဆီ
ပြန်လာပြီးအနားယူသည်။
Jiminသည်ယခင်ကထပ်ပန်းချီတွေကို
အချိန်ပေးသည်။
သူကျွမ်းကျင်ရာ၊ဝါသနာပါရာ၊ပျော်မွေ့ရာဖြစ်သည့်
ဒီလောကထဲပန်းချီတွေနဲ့ပတ်သတ်၍
နေရာတစ်ခုကိုရချင်ခဲ့သည်။
ဒီအတွက် မောင်ဟာလည်းပါရမီဖြည့်ဖက်ပါပဲ။

အချိန်သည် မနက် ရှစ်နာရီ။

ပန်းချီတွေရေးခြစ်နေရင်းမှ alarmထမြည်သော
ဖုန်းအားအိတ်ကပ်လေးထဲကောက်ထည့်ကာ
အိပ်ခန်းဆီကအမျိုးသားဆီကို
အမြန်လေးပြေးရသည်။

" မောင်..."

နောက်ကျသွားချေပြီ။
အခန်းတံခါးကိုတွန်းဖွင့်လိုက်သည်နဲ့မောင်ဟာ
ချွေးစေးတွေဖြင့်ဂျောင်ကပ်နေချေပြီ။

" ဆောရီး ငါနောက်ကျသွားတာပဲ..."

" ထပ်ပြီးထားခဲ့ပြီထင်လို့ လိုက်ရှာနေတာ..."

လူကိုမြင်မှပိုအသည်းငယ်သူဟာ မောဟိုက်နေရင်း
ရင်ဘတ်တွေကိုလက်လေးဖြင့်ဖိကာ
ကျန်လက်တစ်ဖက်ဟာတော့Jiminဆီကို
ကမ်းပေးသည်။

" အဆင်ပြေရဲ့လား..."

" အသက်ရှုတွေကြပ်တယ် ဒီနားကလည်း
အောင့်တယ် တကယ်ကိုခံရခက်တာပဲ..."

" လာပါဦး..."

ထပ်မံ၍ရှည်လာသည့်ဆံစရှည်ရှည်တွေနဲ့
ခေါင်းစုတ်ဖွာလေးအားရင်ခွင်သေးသေးလေးထဲ
ထည့်လိုက်သူဟာပန်းချီတွေပါ။

အချိန်တချို့ကြာမြင့်လာသည့်နောက်မှာ
မောင်ကဒီလိုလေးအသည်းငယ်လာသည်။
ParkJiminတို့မျက်စိအောက်က
ပျောက်သွားသည်နဲ့အရူးတပိုင်း
လိုက်ရှာနေတတ်သူဟာ ပထမတစ်ကြိမ်ကတည်းက
နောင်ကြဥ်သွားခဲ့ပြီးပြီ။

ပန်းချီတွေငိုခြင်းWhere stories live. Discover now