သွေးမတော်သားမစပ်သည့်သူစိမ်းတစ်ဦးကိုမှ
နင့်နေအောင် ချစ်ဖို့ရာသင်ပေးခဲ့သူဟာ
ခပ်ကျဥ်းကျဥ်းမျက်လုံးအိမ်တွေနဲ့
အမျိုးသားငယ်ပါ။ဘာလို့များဒီလိုတွေထိသဘောကျမိလဲ၊
ချစ်မိ တွာ်ငြိမိသလဲဆိုတာတွေက
မောင်အဖြေရှာမရခဲ့သည့်ပုစ္ဆာတွေပင်ဖြစ်သည်။
ဂျစ်ကန်ကန်နဲ့ကလန်ကဆန်ဖြင့်
အရွဲ့အတိုက်နိုင်ဆုံးသောပြိုင်စံရှား
ParkJiminကိုလား။
ဒါမှမဟုတ် စိုးထိတ်နာကျင်လေ့ရှိသော
ဂျောင်ကပ်ငိုကြွေးတတ်သည့် ပန်းချီတွေ
အသွင်ကိုလား ဆိုတာမောင်ခွဲမရခဲ့ပါ။စင်စစ်သေချာတာတစ်ခုကတော့
သူမတူအောင်သိပ်ချစ်ခဲ့တာတွေပဲ။
ရှောင်လွှဲမရသည့်အကြောင်းအရာတွေကြောင့်သာ
မတတ်သာလို့ထိခိုက်ခဲ့ရတာတွေ။
ကိုးကွယ်ရာဟူ၍များများစားစားမှမရှိဘဲ။ဒီဖြစ်တည်မှုနှစ်ခုကို မောင့်အနေနဲ့ပြိုင်တူ
တွယ်တာမိတာဟာ ထိုမျှလောက်တောင်
မှားယွင်းခဲ့သလား။
တွေးကြည့်ရရင်လည်းမောင့်ဘက်မှာ
ခံပြင်းစရာတွေရှိပါသေးသည်။မီးရောင်တွေမရှိ၊အလင်းရောင်တွေဘယ်ကမျှ
မထိုးဖောက်နိုင်သော ဒီအခန်းလေးရဲ့
ကုတင်ပေါ်တွင်ပန်းချီတွေကငြိမ်သက်စွာ
အိပ်စက်နေသည်။အခန်းတစ်ခုလုံးကိုသစ်လွင်အောင်
ရှင်းလင်းနေသောမောင်ဟာ
မနက်အစောကြီးကတည်းကပင်ဖြစ်သည်။
Jiminမရှိ၍ ဖြစ်ကတတ်ဆန်းနေထိုင်ခဲ့သမျှ
အခန်းတစ်ခုလုံးယိုယွင်းနေခြင်းကို
မောင်ကမဂ်လာဦးအခန်းတစ်ခုလိုသစ်လွင်စေသည်။ပြုံးပြုံးကြီးဖြင့် တစ်ခန်းလုံးရှင်းလင်းရင်း
တစိမ့်စိမ့်ကျေနပ်နေမိသောမောင်ဟာ
ပန်းချီတွေကို ပြန်လည်အပိုင်ရလိုက်လို့ပဲ။
စိတ်ထဲတွင်လည်း တဖွဖွရေရွတ်နေမိတာက
ကျေးဇူးတင်ကြောင်းတွေနဲ့သိပ်ချစ်ရကြောင်းတွေပါ။" မောင်..."
အိပ်ရာရဲ့တစ်ဖက်တခြမ်းဆီကိုလက်လေးနဲ့
လိုက်စမ်းရင်းမျက်လုံးလေးတွေက မပွင့်ပါဘဲ
သူကမြည်တမ်းသေးသည်။
ချစ်စရာကောင်းလိုက်သည့်ပုံရိပ်တွေရယ်။
ဝေးကွာခဲ့တာ လပျိုငျးသာရှိသေးသောျငွား
နှစ်ရာချီအောင်ဝေးခဲ့ရသလားမှတ်ရအောင်ထိ
တွေ့လေ၊မြင်လေ အလွမ်းမပြေခဲ့။
YOU ARE READING
ပန်းချီတွေငိုခြင်း