ပန်းချီတွေငိုခြင်း {၁၇}

2.8K 277 22
                                    

" မိုးတွေအုံ့နေပြီ မိုးရွာတော့မယ်ထင်တယ်..."

အုံ့မှိုင်းနေသောမိုးတိမ်တွေကိုကြည့်ရင်း
မောင်ကရာသီဥတုအခြေအနေကိုခန့်မှန်းနေသည်။
အစိမ်းရင့်ရင့်သစ်ပင်အိုကြီးအောက်မှာ
ဘေးချင်းကပ်ထိုင်လျက် မောင်နဲ့ပန်းချီငယ်တို့
ချိန်းတွေ့နေကြသည်။

" ဒါဆို မိုးရေချိုးပြီးမှပြန်ရအောင်..."

" မိုးရေတော့မချိုးပါနဲ့တော့ ထပ်ဖျားမှာစိုးတယ်..."

ပြောရင်းဆိုရင်းဖြင့် လေပြေအေးအေးတွေ
တိုက်ခတ်မှုကြောင့်ပန်းချီငယ်ရဲ့ဆံစတွေ
ရွေ့လျားသွားခြင်းကိုကြည့်ရင်း
မောင်ကထိုဆံစတွေကိုသပ်တင်ပေးသည်။

" မောင်...."

" အင်း...."

" ဘာလို့စိုးရိမ်တာလဲ..."

" ဘယ်လိုထင်လို့လဲ..."

" ငါအရင်မေးတာလေ...."

မောင်ကပြုံးရင်းပင် Jiminရဲ့
မျက်နှာနားတိုးကပ်လာသည်မို့
ဘာလဲ'ဆိုသည့်သဘောနဲ့ ခန္ဓာကိုယ်လေးကို
တစ်ဖက်သို့တိမ်းလိုက်သူက Jiminပင်။

" သိချင်လား..."

" အင်း..."

" ဒီနားတိုး ပြောပြမယ်...."

နားလေးစွင့်ရင်း မောင့်အနားကိုတိုးကပ်လိုက်တော့
မဲ့ပြုံးလေးပြုံးရင်း မောင့်နှုတ်ခမ်းပါးတွေက
ပန်းချီငယ်တွေရဲ့ပါးမို့မို့တွေကိုထိကပ်ခဲ့သည်။

" ဟာ.... မောင့်..."

ရှက်သွားရပြီမို့ပါးပြင်အားလက်ဖဝါးပြင်နဲ့အုပ်ရင်း
ကျန်လက်တစ်ဖက်ကတော့ မောင့်ရင်ဘတ်တွေကို
ရိုက်ချလိုက်မိသည်။

" ဘာလို့လဲ ပြောပြတာလေ မခံစားမိဘူးလား "

" အကျင့်မကောင်းတဲ့လူလည်... တော်ပြီ
ပြန်တော့မယ်..."

နှုတ်ခမ်းလေးထော်ရင်းရှက်ရမ်းရမ်းကာ
ပြောဆိုနေသူရဲ့ခါးတွေကိုလှမ်းဆွဲလိုက်တော့
မောင့်နှုတ်ခမ်းပါးတွေနား ပန်းချီငယ်ရဲ့
နှုတ်ခမ်းထူထူတွေ နီးကပ်သွားသည်။
မျက်လုံးအိမ်လေးတွေငြိမ်သက်ကာ
မောင့်နှုတ်ခမ်းပါးတွေအားစိုက်ကြည့်နေမိသည်။

ပန်းချီတွေငိုခြင်းWhere stories live. Discover now