ပန်းချီတွေငိုခြင်း{၄}

2.7K 283 11
                                    

အချိန်သည် မနက်၁၀နာရီဝန်းကျင်။

ကိုက်ခဲမှုပေါင်းများစွာဖြင့် အိပ်ရာကနိုးလာခဲ့တာ
မျက်နှာတစ်ခုလုံးရှုံ့မဲ့နေရင်း၊
မျက်နှာအနှံ့ပွတ်သပ်ရင်း ဘေးဘယ်ညာကို
ကြည့်မိတော နံဘေးတွင်အိပ်နေသူဟာ
ငြိမ်သက်နေသည်။

ကိုယ်ပေါ်ကစောင်ထူထူကိုဖယ်ရှားကာ
ကြမ်းပြင်ကဘောင်းဘီတိုအားကောက်ယူ
ဝတ်လိုက်သည်။
ခန္ဓာကိုယ် တစ်ခုလုံးကိုက်ခဲနေမှုမှာ
ဖျားပင်ဖျားချင်နေပြီ။
ဒါကြောင့်ပဲအိမ်ကိုမြန်မြန်ပြန်မှဖြစ်မည်၊
မြင်မကောင်းသည့်ခန္ဓာကိုယ်တစ်ခုလုံးက
အကွက်တွေဟာ ဒီဗရမ်းဗတာကောင်
လက်ချက်ကြောင့်၊
ကြမ်းပြင်ကမြင်ရာအကျီတစ်ထည်ကို
ကောက်ယူဝတ်လိုက်တာ၊အိပ်ရာပေါ်ကလူရဲ့
အက်ျီထင်ပါရဲ့၊
အဲ့ဒါတွေထက်လောလောဆယ်အရေးကြီးနေတာက
အိမ်ကိုပြန်ရောက်ဖို့ပဲ၊ တကယ်တော့ဒီနေ့ဟာ
NamJoonHyung မွေးနေ့လေ။

" မင်းအဆင်ပြေရဲ့လား..."

" ပြေတယ်..."

အိပ်ရာပေါ်ကJeonအားကျောပေးထားရင်း
တိုတိုနဲ့လိုရင်းပဲဖြေသည်။
မတော်တရော်အက်ျီကြီးနဲ့မှန်ရှေ့ရပ်ကာ
ရှုပ်ပွနေသည့် ကော်ဖီရောင်ဆံစတွေကိုလက်နဲ့
သပ်တင်နေသည်။

" တစ်ကိုယ်လုံးလည်းကိုက်ခဲနေမှာကို...
အိမ်ပြန်လိုက်ပို့ပေးမယ် ပြီးတော့ဆေးလည်း
သောက်သင့်တယ် "

" မင်းနဲ့အိပ်နေကျလူတိုင်းကို ဒီလိုပဲလား...."

" ဘာကိုလဲ..."

" ဆေးသောက်တို့အိမ်ပြန်လိုက်ပို့ပေးမယ်တို့လေ
သောက်ပိုတွေပြောနေလိုက်တာ
Onenightstans နေတဲ့ကောင်ကများ...."

မျက်နှာကိုတစ်ချက်မျှလှည့်ကြည့်ပြီး
ပြောသွားပုံက Jeonတောင်ရယ်မိသည်၊

" မင်းကိုမို့ပြောတာ ဒါကမင်းရဲ့
First timeမလား
ဒီလောက်တော့ငါလုပ်ပေးနိုင်ပါတယ်..."

သေစမ်း၊ဒီကောင်ဘယ်လိုများသိသွားရတာလဲဟု
စိတ်ထဲမှလည်း ကျိန်ဆဲနေမိသည်၊
ဘာပဲဖြစ်ဖြစ် ဒီနေရာမှာမရှိချင်တော့မည်မို့
မြန်မြန်ထွက်သွားမှရပါတော့မည်။

ပန်းချီတွေငိုခြင်းWhere stories live. Discover now