ပန်းချီတွေငိုခြင်း{၁၁}

2.6K 272 11
                                    

ဆေးရုံကုတင်ပေါ်က ဖြူဖပ်ဖြူရော်လေးသည်
အိပ်ရာမှနိုးလာသည်နဲ့ ဒူးတွေထောင်လျက်ပင်
ခေါင်းရင်းဆီတွင် ကျုံ့ကျုံ့လေးထိုင်နေခဲ့သည်။

" Jiminနိုးလာပြီလား...."

" အင်း..."

မှိုင်းပျပျနွမ်းလျလျမျက်နှာလေးသည်
ထိုမျှလောက်သာSungWoonအားဖြေကြားပြီး
ဒူးတွေထောင်ထားရာဆီ မျက်နှာတွေအပ်လျက်
ငြိမ်သက်စွာထိုင်နေခဲ့သည်။

" Jimin အဆင်ပြေရဲ့လား...."

ခေါင်းမဖော်လာပါဘဲ ဒူးနှစ်ချောင်းထံ
မျက်နှာအပ်နေသူကို SungWoon စကားတွေ
စနေခဲ့လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

TaeHyungကတော့ SungWoon
နောက်ပါးဆီကနေငြိမ်ငြိမ်လေးကြည့်နေခဲ့သည်။
ခပ်လှလှမျက်လုံးတွေသည် Jiminထံမှာပဲ
စုစည်းရင်း။

" Jimin..ဗိုက်မဆာဘူးလား တစ်ခုခု
စားချင်လား..."

" Jimin...NamJoonHyungလည်း
ရောက်နေတယ်လေ မင်းတွေ့ချင်နေတာမလား..."

တစ်မျိုးပြီးတစ်မျိုး ချော့မော့ပြောဆိုနေလည်း
စကားတွေတုန့်ပြန်ခြင်းမရှိပါ။
ထိုစဥ် အခန်းထဲဝင်လာသူNamJoonကြောင့်
SungWoonနဲ့TaeHyungအားရှိသွားရသည်။

" Jiminနိုးနေပြီလား..."

" Hyungကြည့်ပြောပါဦး ကျွန်တော်
ဘာပြောပြော ပြန်မပြောဘူး...."

NamJoonကိုတွေ့သည်နဲ့ SungWoon
ကပြေးပြီးတိုင်တန်းရှာသည်။
ParkJiminမှာ ဒီလူနည်းစုလေးကလွဲရင်
ရင်းရင်းနှီးနှီးတွေမှမရှိခဲ့ဘဲ။
ဒီလိုပုံရိပ်တွေကိုမြင်ရတိုင်း ရင်ထဲနင့်နေခဲ့တာကလည်း
ဒီလူနည်းစုလေးပါပဲ။

" ကလေး..."

နှစ်ရှည်လများသိပ်ချစ်ခဲ့ရတဲ့ဒီလေသံ
အနိမ့်အမြင့်တွေကတော့ ဦးနှောက်တွေထဲထိ
စွဲနေခဲ့သည်။တစ်ချက်မျှကြားလိုက်ရုံနဲ့
ခေါင်းထောင်လာသည်။ မျက်လုံးအိမ်မှာ
မျက်ရည်တွေအပြည့်နဲ့။

" Hyung... "

" အင်းဟုတ်တယ် Hyungလေ ..... "

" Hyung ကျွန်တော်အိမ်ပြန်ချင်တယ်..."

ငိုသံပါဖြင့်တိုးသဲ့သဲ့အသံလေးနဲ့
ဆေးရုံကုတင်ပေါ်ကJiminအား TaeHyung
မျက်တောင်မခတ်ကြည့်နေမိသည်။
စတွေ့တုန်းက ပုံစံနဲ့သိပ်ကွဲပြားစွာဖြင့်
အခုJiminသည် တခြားတစ်ယောက်လို။

ပန်းချီတွေငိုခြင်းWhere stories live. Discover now