ပန်းချီတွေငိုခြင်း {၃၅}

2.5K 230 20
                                    

ပန်းချီတွေအတွက်ခြောက်ခြားစရာ
ပန်းချီတစ်ခုလိုမြင်တွေ့နေရတာက မျက်စိရှေ့က
သွေးနီနီတွေကြား ပစ်လဲသွားသူ။

နှလုံးခုန်ခြင်းတွေရပ်တန့်သွားပြီလား
ထင်ရအောင်မျက်စိရှေ့က မြင်ကွင်းဟာ
ခြောက်ခြားစရာအတိ။
မောင်"ဟုထိတ်လနိ့စွာအော်ဟစ်နေခြင်းဟာ
လည်ချောင်းအဝမှာတွင်တစ်ဆို့သွားသည်။
အသံတစ်ချက်ပင်ထွက်မလာနိုင်အောင်
တစ်ကိုယ်လုံးတုန်ယင်လာတာ။

ဒါဟာ မာမီသေဆုံးတုန်းက
နောက်ဆုံးအချိန်နဲ့ဆင်တူသည်။
အတိတ်နဲ့ပစ္စပ္ပုန်ရောယှက်လာသည်။
မောင်ကရောတစ်ခုခုဖြစ်သွားတော့မှာလား။
သွေးတွေကြားထဲကမောင့်အနား ခြေလှမ်းတွေ
မလှမ်းဝံ့ခဲ့။

" Jimin... ဘာဖြစ်သွားသေးလဲ..."

ရင်ဘတ်ဆီကိုလက်ဖြင့်ဖိရင်း မေးနေသူကို
ချွေးစေးတွေဖြင့်ကြောင်ကြည့်နေမိသည်။
မျက်စိရှေ့က အမျိုးသမီးသည်လည်း
အထိတ်ထိတ်အလန့်လန့်ဖြင့်သာ။

" မောင် ဘာမှမဖြစ်ဘူးနော် သိလား...
မောင် ဘာမှမဖြစ်ဘူး... မောင်...လေ...."

စကားတွေမဆုံးလိုက်ပါ။
အားတင်းကာဟန်လုပ်ပြုံးပြနေရင်းမှ
သွေးတွေက များသထက်များလာသည်။
မျက်နှာတစ်ခုလုံးဟာ ဖြူစုပ်နေခဲ့သည်။
ထို့နောက်တွင်မောင်သည်အသိနဲ့ သတိ
လွတ်ထွက်သွားချေပြီ။ကြမ်းပြင်ပေါ်က
သွေးအိုင်ထဲ အရုပ်ကြိုးပျက်လဲကျသွားခဲ့တော့သည်။

မိခင်ဖြစ်သူရဲ့သေဆုံးမှုဟာခေါင်းထဲ
တိုးဝင်လာသည်။
နားတွေကိုပိတ်ထားကာ ကြမ်းပြင်ဆီ
ထိုင်ချလိုက်သည်။
မောင်လည်းကျွန်တော့်ကိုထားခဲ့ဦးမည်ထင်သည်။

" မောင့်....!!! "

အသံကုန်အော်ဟစ်ပြီးနောက်မှာ
နှလုံးခုန်နှုန်းတွေနှေးကွေးကုန်သည်။
အသက်ရှုသံတွေလည်း ပုံမှန်မဟုတ်တော့ပါဘဲ
ထိုနေရာတွင်ပဲ သတိလစ်မေ့မွောသှားခဲ့သညျ။

ကျွန်တော်သည် ဒီအခိုက်အတန့်မှာ တစ်ခါထဲ
သေဆုံးသွားစေရန် တောင်းဆုတွေပြုရင်း..။

------------------------------------

တစ်ဖက်တွင် အရေးပေါ်ခွဲခန်းထဲ
တတ်ကျွမ်းလှသည့်ဆရာဝန်ကြီးတွေဖြင့်
အသက်လုနေရသည်။
တစ်ဖက်တွင်လည်းသတိပြန်မလည်လာသေးသူနဲ့
တစ်ဖက်ကမိခင်ဖြစ်သူသည်လည်း
ကယောင်ကတမ်းတွေဖြင့်ရူးကြောင်ကြောင်ပင်
ဖြစ်နေချေပြီ။

ပန်းချီတွေငိုခြင်းWhere stories live. Discover now