ဒီကနေ့ရဲ့ ညစာထမင်းဝိုင်းလေးသည်
လူစုံတတ်စုံနဲ့ ထမင်းဝိုင်းပင်ဖြစ်သည်။
ရေချိုးပြင်ဆင်ပြီးနောက်မှာ
Jiminနဲ့အတူ Jeonသည်အောက်ထပ်က
ထမင်းစားဝိုင်းလေးထဲနေရာယူ
အသင့်စောင့်နေခဲ့သည်။ယောက္ခမကြီးက အလံဖြူပြသွားပြီ
ဘာညာဆိုပြီး Dramaတွေထဲကလို
အပြုံးချိုချိုလေးနဲ့မနေတတ်မထိုင်တတ်တွေတော့
မဟုတ်၊
ခြေထောက်တွေကိုချိတ်ထိုင်ရင်း
လက်တွေပိုက်လျက် ခပ်တည်တည်ဖြင့်သာ
နာရီကိုတကြည့်ကြည့်လုပ်နေခဲ့သည်။" Jimin ဗိုက်ဆာနေပြီလား..."
" စားချင်စိတ်ကိုရှိမနေတာ..."
မောင့်ကိုကြည့်ရင်းပြုံးပြုံးလေးဖြေနေပုံက
တစ်မျိုးရယ်ပါ။
ဘယ်လိုပြောရမလဲလက်ရှိအခြေအနေက
အခုမှအစကပြန်၍ တစ်ဖက်က
လူကြီးမိဘတွေနဲ့တွေ့ရမည့်
အနေအထားတွေလိုဖြစ်မလားတော့
မပြောတတ်ပေမယ့် မောင်ကပုခုံးလေးကို
ဖွဖွဖက်ထားရင်း စိတ်မလှုပ်ရှားဖို့သတိပေးနေလည်း
ParkJiminက ဖြုံတောင်မဖြုံပါ။" စောင့်နေကြတာ ကြာပြီလား.."
" မကြာသေးပါဘူး...မာမီ..."
ပြုံးရင်းဖြင့်ပြန်ဖြေနေသော မောင့်အား
တစ်ချက်မျှပြုံးပြုံးလေးကြည့်မိသည်။
ဒီနေရာမှာသူမကိုစောင့်နေခဲ့တာ
နာရီဝက်ကိုကျော်သွားသည်ကိုတောင်
မကွာသေးပါဘူးဆျိုပွီးမုသားလှလှလေးနဲ့
အပြန်အလှန်ပြုံးပြနေကြပြန်သော
သားအမိနှစ်ယောက်ရဲ့ဆက်ဆံရေးဟာ
ထင်သလောက်လည်းအားကျစရာမကောင်းပါ။" Jimin လေးလည်း ဗိုက်ဆာနေရောပဲ
စားကြရအောင်လေ...."Jiminလေးတဲ့။
ရယ်ချင်စိတ်တွေကိုမနည်းထိန်းကာ
ဟန်မပျက်ပင်ပြုံးနေမိသည်။
မြွေမြွေချင်းချေမြင်သည်ပဲပြောရမလား။" ဟုတ်ကဲ့ အန်တီ...."
" Jimin လေးကိုလည်း ဟင်းတွေ
ထည့်ပေးလိုက်ပါဦးသားJeon... "" ဟုတ် မာမီ...."
မိခင်နဲ့Jiminထံဟင်းတွေအလျှိုလျှို
အလှည့်ကျခူးခပ်ထည့်ပေးနေသူ
မောင်တစ်ယောက်ထဲထမင်းဝိုင်းတွင်
လက်တွေရှုပ်နေရှာသည်။
YOU ARE READING
ပန်းချီတွေငိုခြင်း