မိသားစု'ဆိုတဲ့နေရာမှာ ကျွန်တော်တို့
အားလုံးလက်ခံထားခဲ့ခြင်းသည် အလုံခြုံဆုံး၊
အနွေးထွေးဆုံးသောအသိုက်အမြုံတစ်ခုအနေနဲ့။
ဒါသည်လူတိုင်းအတွက်လည်းမှန်ချင်မှ
မှန်ကန်လိမ့်မည်။ပြောင်းလဲလာသည့်ခေတ်ခါသဘော
သဘာဝတွေအရသူငယ်ချင်း၊ညီအစ်ကို၊
မောင်နှမ၊မိသားစုစသည့်ဖြင့်
ပတ်သတ်ဆက်နွယ်မှုတွေထပ် ငွေက
အရေးပါလာခဲ့သည်။ငွေကြောင့်သာဆိုရင် အချင်းချင်းလည်း
ထိုးနှက်ပစ်ဖို့လွယ်လင့်တကူသစ္စာဖောက်၊
နောက်ကျောကိုဓားနဲ့ထိုးပစ်ဖို့က
လွယ်ကူလွန်းလာကြသည်။နွေးထွေးကြင်နာသိမ်မွေ့ကောင်းမွန်တဲ့
အသိုင်းအဝိုင်း၊မိသားစုမှာကြီးပြင်းခွင့်ရရင်တော့
သိပ်ကံကောင်းတဲ့လူပဲလေ။
သို့သော် တစ်ဦးကိုတစ်ဦးကြင်နာခြင်း
ကင်းမဲ့သည့်မိသားစုတစ်ခုမှာကြီးပြင်းခဲ့ရရင်တော့
သွားလေရောပဲ။Trauma ပေါင်းသောင်းခြောက်ထောင်နဲ့
အရွယ်ရောက်လာခဲ့ရတဲ့ဘဝတစ်ခုဟာ
သိပ်ကို ထိတ်လန့်စရာကောင်းသည်။
ဒီလိုလူတွေကသာမာန်လူတစ်ယောက်ထပ်ကို
အကြောက်တရားသိပ်ကြီးမားပါတယ်။
ဒီအကြောက်တရားတွေကိုလူသိမခံချင်၊
ဖုံးချင်ဖိချင်ကြတဲ့အခါမှာလည်း သိပ်သန်မာချင်ယောင်ဆောင်တာမျိုးတွေလည်းရှိတယ်။
ဒီလိုနဲ့ဟိုဘက်ဒီဘက်စိတ်နှစ်မျိုးဟာလွန်ဆွဲရင်း
အသိစိတ်တွေသည်လည်းနှစ်ခြမ်းကွဲထွက်သွားတာ။
ဒီတစ်နေရာကသိပ်စိုးရိမ်စရာပါပဲ။အဆိုးအပေဘဝတစ်ခုလုံးစုတ်ပြတ်သတ်အောင်
ဖန်တီးသွားခဲ့တာသည်မိသားစုပဲ။
ဘယ်လောက်တောင်ရင်နာဖွယ်ရာဖြစ်ရပ်လဲ.... ။" မိုးဖွဲလေးတွေ...ကျနေတယ် Hyung..."
စုတ်တံတွေကိုကိုင်ထားသည့်လက်ချောင်း
လေးတွေကနူးညံလွန်းသည်။
မျက်စိရှေ့တွင်ဆွဲလက်စပန်းချီကားတစ်ချပ်ကို
ရေးဆွဲနေသည်။
NamJoonကပန်းချီတွေထဲမှာတောင်
အအေးချမ်းဆုံးသော ပန်းချီကားတစ်ချပ်ဖြစ်မည်။
စိတ်တွေသည်ပန်းချီတွေထဲစုစည်းရင်း
မျက်လုံးတွေသည်နူးညံ့စွာ မျက်စိရှေ့က
အရာကိုမျက်နှာမူနေခဲ့သည်။
YOU ARE READING
ပန်းချီတွေငိုခြင်း