ပန်းချီတွေငိုခြင်း {၁၈}

2.9K 276 26
                                    

ချစ်ခြင်းတွေဆိုတာ ဒါမျိုးလားဟု
မေးယူရအောင်ထိ ပန်းချီငယ်နဲ့ကျမှ
မောင်က တအံ့တသြဖြင့် လက်ခံခဲ့ရသည်။

ပြီးပြည့်စုံစွာမွေးဖွား၊ကြီးပြင်းလာသော
ခေတ်လူငယ်ပီပီ ခပ်ဆန်းဆန်းအတွေးလေးတွေလည်း
ရှိခဲ့တာ။
သူစိမ်းတွေအပေါ် ချစ်ခြင်းဆိုတာတွေကို
မယုံကြည်၍လက်ထပ်ထိမ်းမြားခြင်းကိုလည်း
အထွေအထူးတွေမတွေးထားခဲ့ဖူးသူက
သူကိုယ်တိုင်လည်း အချစ်ကိုမျက်ဝါးထင်ထင်
တွေ့မြင်လိုက်ရရော ၊ သာမာန်လူတွေထပ်ပင်
မောင်ကထိုချစ်ခြင်းတွေကို မျက်နှာမူခဲ့သည်။

" မမြင်ဖူး မူးမြစ်ထင် " ဆိုသလို
မချစ်ဖူးတော့ ရူးခဲ့ရသည်။

ပန်းချီတွေဟာ မောင့်အပေါ်ထိုမျှလောက်ကို
သက်ရောက်ခဲ့သည်။

" ညကတည်းကားမောင်းလာတာ
မပင်ပန်းဘူးလားကွယ်... မျက်နှာလေးတောင်
ချောင်ကျသွားသလိုပဲ.... "

စိုးရိမ်ပူပန်နေသောအရိပ်အယောင်တွေဖြင့်
မျက်နှာလေးကိုထိကိုင်ရင်း ပြောနေဟန်တွေက
သားဖြစ်သူကို ကလေးတစ်ယောက်သဖွယ်ပင်။

" မစိုးရိမ်ပါနဲ့မာမီ ကျွန်တော်အဆင်ပြေပါတယ် "

မိခင်ဖြစ်သူရဲ့လက်တွေကိုကိုင်ထားရင်း
သားလိမ္မာလေးကလည်း ဒီလိုလေးတွေ
ရှိတတ်သေးသည်။

" ဟူး...ငါတော့ ဒီဟာလေးနဲ့
လက်ထပ်ပေးလိုက်တာ မှားပြီထင်ပါတယ်
အခုတော့ မာမီ့သားလေးခမျာ အိပ်ကောင်းခြင်း
မအိပ်ရ စားကောင်းခြင်းမစားရနဲ့ကွယ်...."

" အဲ့လိုမဟုတ်ပါဘူး ကျွန်တော်
အဆင်ပြေနေပါတယ် "

ပြုံးပြုံးလေးနဲ့တုန့်ပြန်လိုက်လည်း
အလိုမကျဟန်ဖြင့်မိခင်ဖြစ်သူမျက်နှာက
ရှုံ့မဲ့လျက်ပင်။

" မာမီ့အလုပ်ကိစ္စတွေအောင်မြင်သွားတဲ့
အတွက်လည်း Congratulations ပါနော်..."

" အဲ့ဒီအတွက်လည်း မာမီတို့
ညစာစားပွဲရှိသေးတယ် မာမီ့သားလေး
ပြန်မရောက်သေးလို့ စောင့်နေရတာ "

" dinner ကဘယ်တော့လဲမာမီရဲ့..."

" မနက်ဖြန်ပဲစီစဥ်လိုက်တော့မလို့...."

ပန်းချီတွေငိုခြင်းWhere stories live. Discover now