ပန်းချီတွေငိုခြင်း {၁၅}

2.9K 279 23
                                    

" မောင့် ကြောက်တယ်..."

ရင်ခွင်ထဲကိုသိသိသာသာတိုးဝင်လာသူသည်
အဆက်မပြတ်သောစကားတွေကိုရေရွတ်ရင်း
ခန္ဓာကိုယ်သေးသေးလေးသည်လည်း
တုန်ယင်နေသည်။

" ကြောက်တယ်..."

" ကြောက်လို့ပါ..."

" နာကျင်အောင်မလုပ်ပါနဲ့..."

တစ်စုံတစ်ရာကိုရူးသွပ်အောင်ထိ
ဘယ်လောက်တောင်များ
ကြောက်ရွံစရာတွေရှိနေခဲ့သလဲ။
တွေးကြည့်လို့မရအောင်ထိကို ဒီပန်းချီတွေက
အစိတ်စိတ်အမွှာမွှာဖြစ်အောင်ရူးနှမ်းနေခဲ့ပြီ။

ဒီလိုပုံရိပ်တွေကိုJeonမြင်တွေ့နေခဲ့ရတာ
တစ်ကြိမ်ထက်မနည်းတော့ဘူး။
အကြိမ်ပေါင်းများလာလေလေ Jeonဘက်က
သိသိသာသာတုန်လှုပ်လာသည်။

သေချင်စေလို့ လည်တိုင်ကျော့ကျော့ကို
အားကုန်သုံးဖျစ်ညှစ်ခဲ့တဲ့ လက်တွေက ယခုတွင်
တသိမ့်သိမ့်တုန်ခါနေသောကျောပြင်ငယ်ကို
ထိတှေ့ဖျို့ရာပငျ အရှိန်ယူနေရသည်။

ပန်းချီတွေငိုကြွေးနေခြင်းသည်
အထိတ်တလန့်နဲ့နာနာကျင်ကျင်ရယ်ပါ။
ဦးစွာနားထဲကိုတိုးဝင်လာသော
ငိုကြွေးသံ၊ ပန်းချီတွေသည်ရူးနှမ်းနေပြီဆိုသည့်
အသိဟာ ဒုတိယအကြိမ်ဦးနှောက်ထဲ
ဝင်ရောက်သည်။
ဘယ်လောက်ထိကြောက်ရွံ့နေလဲဆိုတာ
ရင်ဘတ်တွေကိုထိတွေ့သွားသော
တုန်ယင်နေသည့်နှုတ်ခမ်းထူထူတွေက
ခံစားမိသည်။

ပန်းချီငယ်ရဲ့အကြောက်တရားတွေသည်
Jeonရင်ထဲထိ တိုးဝင်လာသည်။
အငိုတိတ်စေရန် တစ်ခုခုပြုလုပ်ပေးဖို့ကိုလည်း
မောင့်ဦးနှောက်ထဲ ဂဏာမငြိမ်တွေးတော
နေမိသေးသည်။

" Ji...min..."

Jeonအသံခပ်တိုးတိုးမှာ တုန်ယင်စွာဖြင့်
Jeonရင်ဘတ်မှအက်ျီစကိုဆွဲဆုပ်လိုက်သူက
Jiminပင်ဖြစ်သည်။
မကြံတတ်တော့ဘူး၊ Jeonမတွေးတတ်တော့ဘူး။
အော်ဟစ်ငိုကြွေးနေခြင်းမဟုတ်သော်ငြား
ရင်ထဲနက်နက်နဲနဲကိုနာကျင်စွာငိုနေခြင်းပါ။

" မောင့်...ငါ ကြောက်တယ်..."

မျက်လုံးကျဥ်းတွေသည် မျက်ရည်အဝိုင်းသားနဲ့
Jeonကိုမော်ကြည့်လာသည်။
ကြောက်ရွံ့ခြင်း၊စိုးထိတ်ခြင်းတွေကိုမောင့်အား
တိုင်တန်းနေသည်။
မျက်လုံးဝိုင်းတွေ တွေဝေစွာဖြင့် ငြိမ်သက်သွားသည်။

ပန်းချီတွေငိုခြင်းWhere stories live. Discover now