ညကအိပ်ပျော်သွားခဲ့တာထိုင်ခုံပေါ်တွင်
ငုတ်တုတ်ပင်ဖြစ်သည်။
မနက်ခင်းမှာJeonကဦးစွာနိုးလာသည်နဲ့
အိပ်ရာပေါ်ကလူကိုဦးစွာသတိထားကြည့်မိသည်။
ငြိမ်သက်နေပါသည်၊ နံဘေးကဖက်လုံးကို
ဖက်ထားရင်းမှအသက်ရှုသံမှန်မှန်ကို
ကြားလိုက်ရသည်။" အကိုလေး...အကိုလေး...."
တံခါးအပြင်ဘက်ကအိမ်အကူလေးရဲ့
ခေါ်သံကြောင့်အကြည့်တွေကိုလွှဲကာ
အာရုံပြောင်းလိုက်သည်။" ဘာလဲ...."
" အန်တီကြီးက မနက်စာစားဖို့
ခေါ်ခိုင်းလိုက်လို့ပါ နှစ်ယောက်လုံး
ဆင်းလာဖို့လည်းပြောခိုင်းလိုက်ပါတယ် "" ခဏနေရင်ဆင်းခဲ့မယ်လို့ပြောလိုက်...."
အခန်းထဲမှအခန်းပြင်ကိုလှမ်းအော်ပြောပြီးနောက်မှာ
Jeonကပဲဦးစွာမျက်နှာသစ်ခြင်းကိုပြုသည်။
မနက်စာဘာညာစားပြီးရင်ဘယ်ကိုလိမ့်ရမလဲ
ဆိုတာလည်းတွေးတောနေမိသည်။အချိန်သည် မနက် 8နာရီဝန်းကျင်။
" မျက်နှာသစ်တော့ ပြီးရင်မနက်စာ
သွားစားမယ်...."Jeonပြောသည်ကိုကြားလား၊မကြားလားတော့မသိ။
ပြတင်းပေါက်ဘောင်တန်းပေါ်က
အပင်သေးသေးလေးကိုရေလောင်းနေတာ
တိတ်ဆိတ်စွာဖြင့်ပဲ။" ငါပြောတာကြားလား...."
" ဟင်...ဘာပြောလိုက်တာလဲ.."
" မျက်နှာသွားသစ်ခိုင်းနေတာ..."
Jeonအားနူးညံ့စွာတစ်ချက်မျှပြုံးပြပြီး
နောက်တွင် ထိုအပင်နားမှထွက်ခွာကာ
မျက်နှာသစ်ခြင်းကိုစတင်ခဲ့သည်။
Jeonကတော့ဘာရယ်မဟုတ် ထိုအပင်ရဲ့
ရှင်သန်နေရာအိုးသေးသေးလေးကို
ကောက်ကိုင်ကြည့်လိုက်တော့
အိုးရဲ့နံဘေးကစာတန်းတွေက
အဂ်လိပ်အက္ခရာတွေပဲ။မပီမပြင်ဆိုပေမယ့်
ခန့်မှန်း၍ရသည်။ " Dimple " ပါတဲ့။လက်ထဲကအိုးသေးသေးလေးအား
ပြတင်းပေါက်ဘောင်တန်းဆီတွင်မရည်ရွယ်ပါဘဲ
ဆောင့်ချလိုက်မိသည်။
စောစောစီးစီးအနောက်ဓာတ်တွေစိုးမိုးပြန်ပါပြီ။" Morning မာမီ..."
မနက်စာဝိုင်းတွင် Ipadအား ပါဝါမျက်မှန်ဖြင့်
အာရုံစိုက်နေသူကိုJeonကစတင်၍
ပွေ့ဖက်နှုတ်ဆက်ခြင်းပြုသည်။
ဒါကJeonတို့သားအမိတွေရဲ့ ပုံမှန်အပြုအမူ
တစ်ခုပင်ဖြစ်သည်။
YOU ARE READING
ပန်းချီတွေငိုခြင်း