ပန်းချီတွေငိုခြင်း {၁၆}

2.9K 284 28
                                    

အိပ်မပျော်သွားစေရန် ဖုန်းသုံးရင်း
နေမကောင်းသူအနားမှာ ထိုင်စောင့်ပေးနေခဲ့တာ
ညသန်းခေါင်ထိတောင်ရောက်လာခဲ့သည်။
ဆေးလည်းတိုက်လို့မရ၊ဆေးလည်းမသောက်တာမို့
ညသန်းခေါင်းများအဖျားတွေ
တက်နေမလားဟု တွေးမိတော့ Jeonလည်း
မအိပ်ဖြစ်တော့၊
နံဘေးတွင်ထိုင်စောင့်ရင်း တချက်တချက်
နဖူးပြင်လေးကိုလည်းထစမ်းကြည့်ရသေးသည်။

ဖုန်းသုံးနေရင်းဖြင့် မာမီနဲ့Parkသူဠေးကြီးတို့ရဲ့
လုပ်ငန်းတချို့အကျိုးတူပူးပေါင်းရန်အတွက်
လက်မှတ်ရေးထိုးပွဲမှဓာတ်ပုံတစ်ချို့ကိုလည်း
တွေ့လိုက်ရသည်။

ဒါကိုမြင်လိုက်သည်နဲ့စိတ်ထဲတစ်မျိုးတစ်မည်
ခံစားလိုက်ရသည်။
အိပ်ရာပေါ်မှလူအားသေချာကြည့်မိသည်။
အားနာစိတ်မျိုးလား၊လိပ်ပြာမလုံတာမျိုးလား
မသေချာဘူး၊ သေချာနားမလည်တဲ့
စိတ်ခံစားချက်တွေနဲ့ရှုပ်ထွေးနေသည်မို့ ဖုန်းကို
နံဘေးက စားပွဲတစ်ခုပေါ် ချထားလိုက်သည်။

ပြီးနောက်မှာ ပန်းချီငယ်ရဲ့နဖူးပြင်အား
ထပ်မံစမ်းကြည့်ခဲ့သည်။
ကနဦးကလိုမဟုတ်တော့ပါပဲ
ခပ်နွေးနွေးအပူရှိန်ကိုသာJeonခံစားမိသည်။
အဖျားတွေကျသွားပြီထင်ပါရဲ့။
ထိုစဥ် တွန့်တတ်သွားသော ခန္ဓာကိုယ်ငယ်လေးကြောင့်
နိုးသွားပြီလားဟုလည်းJeonက
လိုက်ကြည့်နေသေးသည်။

အချိန်သည် ညတစ်နာရီဝန်းကျင်။

" မောင်..."

" နိုးသွားပြီလား..."

" ချမ်းတယ် ချမ်းနေတယ် .... "

" ဟင်..."

" ဒီမှာချွေးတွေ..."

အဖျားကျသွားသည်နဲ့ ခန္ဓာကိုယ်မှချွေးတွေ
ထွက်လာပြီမို့စောင်ထူထူကိုဖယ်ရှားကာ
မကြည်မသာမျက်နှာလေးနဲ့Jiminသည်
လက်တွင်ရှိနေသောချွေးများအား
သုတ်ချနေသည်။

" အဝတ်အစားလဲမလား..."

" အင်း...လဲပေးပါ..."

Jeonတွင်ပါလာသောJiminအဝတ်အစားတွေ
ထဲမှတစ်စုံအားဆွဲထုတ်လိုက်သည်။
ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ဝေယျာဝေစ္စတွေကို
မပြုလုပ်ပေးဖူးခဲ့လို့များလဲမသိ၊
ဒီလိုတွေကJeonအတွက်ခက်ခဲသည်။
သင့်တော်မည့်အဝတ်အစားတွေကိုရှာဖွေနေခဲ့တာ
အတော်ကြာသည်။

ပန်းချီတွေငိုခြင်းWhere stories live. Discover now