ပန်းချီတွေငိုခြင်း{၃္}

2.8K 280 16
                                    

[September 11]

" Jimin..."

ထူးထူးဆန်းဆန်းပါပဲ၊ ဒယ်ဒီကJimin
အခန်းထဲထိတောင်ရောက်လာသည်မို့
ထူးထူးဆန်းဆန်းဖြင့်ပါပဲ လက်ကစုတ်တံလေးကို
ဘေးဖယ်ပြီးဒယ်ဒီကိုကြည့်မိသည်။

ပုံမှန်ဆို JiHoHyungနဲ့အိမ်ကရှိရှိသမျှ
အိမ်အကူတွေကိုပဲ လွှတ်နေကြ၊အမှာစကားပါး
နေုကြလေ။

" အဝတ်အစားလဲပြီး အောက်ထပ်ကိုခဏ
လောက်ဆင်းခဲ့ပါလား...."

" ကိစ္စရှိလို့လား ဒယ်ဒီ..."

ထူးထူးဆန်းဆန်း ဒယ်ဒီရဲ့ပုံစံတွေကို
Jiminသိချင်နေပေမယ့်ခပ်တည်တည်ဖြင့်
Jiminပုံစံကအေးအေးလူလူပဲမေးကြည့်မိသည်။

" ဧည့်ခန်းထဲမှာ ဒယ်ဒီ့သူငယ်ချင်းမိသားစု
ရောက်နေကြတယ်...အဲဒါကြောင့်...."

" ဒယ်ဒီ့သူငယ်ချင်းမိသားစုရောက်နေတာကို
ထွက်တွေ့ရလောက်အောင်ထိ ကျွန်တော်
ဘယ်တုန်းကများ ဘောင်ဝင်သွားတာပါလိမ့်..."

" စကားနာတွေထိုးနေဖို့အချိန်မရှိဘူးParkJimin
ခုရောက်နေတဲ့သူတွေက မင်းနဲ့လက်ထပ်ဖို့ငါစကားလမ်းကြောင်းထားတဲ့ အိမ်ကမိသားစုပဲအခုချက်ချင်း
စုတ်ပြတ်သတ်နေတဲ့ပုံစံကို ပြင်ဆင်ပြီးဆင်းလာခဲ့..."

" ဒယ်ဒီကလုပ်ပြီ...ကျွန်တော်မိန်းကလေးတွေကို
မကြိုက်ပါဘူးဆိုမှ ဒီလောက်အိမ်ထောင်ပြုစေချင်
ရင်လည်း ယောက်ျားပဲရှာပေးလေနော်...."

ဒယ်ဒီ့ရှေ့ဒီလိုတွေပြောတိုင်းဒယ်ဒီက
သိပ်ဆန်းဆန်းတင့်တာကိုသိသည်။
သူတို့သတ်မှတ်ထားတဲ့ပုံစံတွေ ပုံသေနည်းတွေက
ယောက်ျားတစ်ယောက်ကမိန်းမတစ်ယောက်ကိုပဲလက်ထပ်ရမယ်ဆိုတဲ့ရှေးခေတ်မှာကျန်ခဲ့တဲ့
အတွေးအမြင်တွေ၊
ဒါကြောင့်လဲ လက်ဖဝါးပြင်ကြီးကချက်ချင်းပဲ
ချိန်ရွယ်လာသည်၊

" တောက်ခ်...ကွာ...! "

" အခုချက်ချင်းပြင်ဆင်ပြီးဆင်းခဲ့ ဟိုလူတွေရှေ့
ငါ့ကို မျက်နှာပျက်အောင်တစ်ခုခုလုပ်ရင်တော့
မင်းရောမင်းကောင်ရော အသေပဲနော်....! "

မုန်းစရာကောင်းသည့်ခြိမ်းခြောက်မှုတွေ၊
ဒယ်ဒီထွက်သွားသည်နဲ့ အနားတွင်ရှိနေသည့်
မြင်ရာဟန်းဖုန်းအားကောက်ယူရိုက်ခွဲလိုက်မိသည်။
ဒီလိုတွေ ခြိမ်းခြောက်တာကို ခုချိန်ထိ
နားထောင်နေရသည်ကNamJoonHyung
ကြောင့်၊အတူတူသာဒီကနေထွက်ပြေးနိုင်ရင်
ဒီလိုမျက်နှာတွေကိုကြည့်စရာမလိုတော့သည်ကို
အခုတော့....။
ကျလာသည့်မျက်ရည်တွေကို
အကြမ်းပတမ်းသုတ်ကာအဝတ်အစားတစ်စုံအား
ထုတ်ယူလဲလှယ်ခဲ့ပြီးနောက် အောက်ထပ်ကို
ဆင်းသွားခဲ့သည်။

ပန်းချီတွေငိုခြင်းWhere stories live. Discover now