ပန်းချီတွေငိုခြင်း { ၃၂ }

2.3K 219 12
                                    

ဆေးရုံကုတင်ပေါ်ကဖြူဖြူဖျော့ဖျော့နံဘေးတွင်
လက်လေးတွေကိုကိုင်ရင်းစောင့်ကြည့်နေရင်းမှ
မှေးခနဲ့အိပ်ပျော်မှန်းမသိအောင်
အိပ်ပျော်သွားသည်။

ရှုပ်ရှုပ်ယှက်ယှက်တွေမတွေ့ချင်မမြင်ချင်၍
Jiminဆေးရုံတွင်ရှိနေကြောင်းကို
မည်သူတစ်ဦးတစ်ယောက်ကိုမှအကြောင်းမကြား
အသိမပေးခဲ့။
လူတွေများရင်စကားတွေအများကြီးပြောရမည်။
ဘေးလူတွေပါလာသည့်အခါမောင့်ကို
မျက်နှာလွှဲသွားမှာကိုသိပ်စိုးသည်။
မိသားစုနဲ့အဆင်ပြေသွားခဲ့ရင် မောင့်လက်ထဲကများ
သူအပြီးအပိုင်ထွက်သွားလေတော့မလားဆိုသည့်
ပူပန်စိတ်ပေါင်းများစွာမှာ
ယောက်ျားအရင့်အမာကြီးတန်မဲ့ဟန်မဆောင်နိုင်
ဆေးရုံထဲတွင်လည်း တရှုံ့ရှုံ့ပါပဲ။

" မောင့်..."

စိတ်ဖိစီးမှုများလာခြင်းကြောင့်
သတိလစ်သွားသည်အထိဖြစ်ပျက်သွားလည်း
မျက်လုံးတွေပွင့်လာသည်နဲ့ဦးစွာသတိရမိသူဟာ
တစ်ဦးတည်းသောမောင့်ကို။

" ဟင်...Jimin..."

အိပ်ပျော်နေခြင်းမှာဆတ်ခနဲ့ခေါင်းထောင်လာသည်။
ပြာပြာသလဲပါပဲ အဆင်မှပြေရဲ့လားအတွေးနဲ့
ပါးပြင်တစ်ဖက်ကို နွေးထွေးစွာမောင်က
ထိတွေ့ခဲ့သည်။

" ဘယ်လိုနေသေးလဲ အဆင်ပြေရဲ့လား
မောင်... ဒေါက်တာကို သွားခေါ်လိုက်ရမလား..."

" ဟင့်အင်း..."

ငိုမဲ့မဲ့ဖြင့်ငြင်းဆန်ပုံဟာ တစ်ခုခုကြောင့်
အလိုမကျနေတာ။
မောင်သိနေတာပဲ၊မောင့်ပန်းချီတွေစိတ်ရော
ကိုယ်ပါပင်ပန်းနေခြင်းဆိုတာ။

" လာ...မောင်ဖက်ထားပေးမယ်...."

လက်နှစ်ဖက်ကိုဆန့်တန်းပေးလိုက်သည်နဲ့
အလိုက်သင့်ပါပဲမောင့်ရင်ခွင်ထဲတိုးဝင်ကာ
ကျောပြင်ကျယ်ကျယ်ကို ခပ်ဖွဖွဖက်ထားခဲ့သည်။

" အိပ်မက်တွေထဲမှာ မောင်ငါ့ကိုထားခဲ့တာ..."

အဆက်အစပ်မရှိသောစကားတွေဖြင့်
လက်သေးသေးတွေဟာတုန်ယင်နေသည်။
စိုးထိတ်မှုလေးတွေပါဝင်လာတော့
မျက်ရည်လေးတွေ စီးသွားပြန်သည်။

ပန်းချီတွေငိုခြင်းWhere stories live. Discover now