ƤAƦƬ ②

15.2K 760 29
                                    

အပိုင်း -၂

"ဟီး အခန်းရှာမရလို့ လိုက်ပို့ပေးလို့ရမလား"

"ဘယ်မေဂျာကလည်း..."

"ပထမနှစ် သင်္ချာကပါ"

"သင်္ချာ..."

"ဟီး ဟုတ်ကဲ့..."

ထက်ကိုရှိန်းတစ်ယောက် ဖြောင့်တန်းနေသောမျက်ခုံးတွေကို ကွေးသွားအောင်ထိ မျက်မှောင်ကျုံလိုက်ပြီး ရှေ့မှာရှိတဲ့ကောင်လေးကို ကြည့်လိုက်သည်။ 

သူရဲ့အကြည့်ကို ဂရုမစိုက်စွာ ထိုကောင်လေးရဲ့ပြောင်စပ်စပ်မျက်နှာထားကတော့ ပြောင်းလဲသွားခြင်းမရှိချေ။ 

"ဒါ သင်္ချာ​ဆောင်လေ..."

နောက်ကျောဘက်က အဆောင်ကို လက်ညှိုးထိုးပြီး ပုံမှန်ထက် အနည်းငယ်မာသော သံနေသံထားဖြင့်ပြောလိုက်သည်။

"သင်္ချာဆောင်မှန်းသိတယ်... အခန်းမသိတာ ကျွန်တော့်ကို ကူရှာပေးလို့ရမလား"

"အခန်းကတော့ ဒီလိုပဲ လျှောက်ပတ်ကြည့်လိုက်ရင် တွေ့လိမ့်မယ်"

"ရှာပေးပါဗျာ... နော်"

အနည်းငယ် အက်ရှလာသော အသံလေးနဲ့ ငိုမဲ့မဲ့မျက်နှာထား​လေးကြောင့် သက်ပြင်းမောတစ်ချက်ချလိုက်ရင်း အခန်းလိုက်ရှာပေးဖို့ သဘောတူလိုက်ရသည်။ 

"Ok ok ကိုယ်လိုက်ရှာပေးမယ်... "

"ဟီး..."

ကားကို Lock ချပြီး ကားသော့နဲ့ ပိုက်ဆံအိတ်ကတစ်ဖက် ဗလာစာအုပ်လေးကတစ်ဖက်ကိုင်ကာ ပျော်ရွှင်မြူးထူးနေဟန်တူသော ကောင်လေးနောက်ကို လိုက်ခဲ့မိလိုက်သည်။

"မင်းမှာ သူငယ်ချင်းတွေမရှိဘူးလား... ကျောင်းပထမဆုံးတတ်တဲ့ရက်ကို တစ်ယောက်တည်း လာတာလား"

"ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်ဖုန်းနံပါတ် 09420111215 ကို ဆက်ကြပေမယ့် ကျွန်တော်က ကားမောင်းနေလို့ မကိုင်မိတာ"

"ပြန်ဆက်လေကွာ..."

"Bill မရှိလို့..."

ဖုန်းနံပါတ်ကို ရည်ရွယ်ချက်ရှိရှိပြောလိုက်ပေမယ့် သတိထားမိပုံမရသော ထိုလူကြောင့် ပြည်သာရဲထက် နင်သွားရသည်။ 

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now