ƤAƦƬ ③

13.6K 645 0
                                    

အပိုင်း - ၃

ကျောင်းစဖွင့်သည့်ရက်က အထိတွေ့လေးကြောင့် ပြည်သာရဲထက်မှာ ညာလက်လေးထောင်ကြည့်လိုက် ပြုံးလိုက်နှင့် အိပ်ယာပေါ်တွင် ကြည်နူးနေမိလေသည်။

"ချောလိုက်တာ ခင်ဗျားရယ် ... ကျွန်တော်လေ ခင်ဗျားကို ချစ်တယ်သိလား ခင်ဗျားလည်း ပြန်ချစ်ရမယ်နော်"

တစ်ယောက်တည်း ပွစိပွစိဖြင့် ရေရွတ်ကာ ကြည်နူးနေသည့် ပြည်သာရဲထက်။ ဒေါ်ထားရတနာဝင်လာသည်ကိုပင် သတိမထားမိပေ။

"သားငယ်လေး"

"ချောတယ်"

"ဟင် ဘာချောတာလဲ သားငယ်လေး"

"အမလေး ပလုတ်တုတ်... မာ မာမီ ဘယ်ချိန်က ဝင်လာတာလဲ"

ဒေါ်ထားရတနာက ခေါင်းရမ်းလိုက်ကာ အလန့်တကြားထထိုင်လိုက်သည့် ပြည်သာရဲထက်၏ ကုတင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး ယူလာသည့် နွားနို့ခွက်လေးကို ခုံပေါ်တင်လိုက်လေသည်။

"ဆေးသောက်ဖို့ နွားနို့လာပို့တာလေ မာမီတံခါးခေါက်တော့ သားငယ်လေး ကြားတယ် ထင်နေတာ"

"ဟီး ဟုတ် မာမီ ကြားပါတယ်"

ပြည်သာရဲထက်က ခါတိုင်းဆိုလျှင် ဆေးသောက်ခိုင်းပါက ကဂျီဂဂျောင်ကျတတ်သော်လည်း ယခုမူ ချက်ချင်းပင် ဆေးဘူးလေးထဲမှ ဆေးတစ်လုံးကို ထုတ်ပြီး နွားနို့နှင့် မျှောချလိုက်လေသည်။ ပြည်သာရဲထက်တို့ နေကောင်းမှဖြစ်မည်မဟုတ်ပါလား။

ဒေါ်ထားရတနာမှာ ထိုအပြုမူကြောင့် အံ့ဩသွားရလေတော့သည်။

"အမယ် ကျားသားမိုးကြိုး ဒီနေ့ကျ နွားနို့က မညှီတော့ဘူးလား သားငယ်လေး"

"ဟီး မညှီတော့ဘူး မာမီ"

"ဟေ အထူးအဆန်းပါလား သားငယ်ရယ်"

"ဒီနေ့ ကျောင်းမှာလေ သားအရမ်းပျော်တာပဲ မာမီ"

"ဟုတ်လား သူငယ်ချင်းတွေရော ရခဲ့လား"

"ဟုတ် ရခဲ့တယ် မာမီ"

"မာမီ့သားလေးပျော်နေတာ မာမီတော့ ကျေနပ်တယ်ကွယ် ... သားမှာ ကောင်မလေးရရင်တော့ မာမီနဲ့ မိတ်ဆက်ပေးရမယ်နော် ကျောင်းမှာ လိုတာရှိရင်လည်းပြောနော်"

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now