BOƝUS ƤAƦƬ ③

4.9K 176 1
                                    

Bonus Part - 3

“တင်း...တောင်”

လူခေါ်ဘဲလ်မှ ထွက်လာသောအသံကြောင့် ပြည်သာ လက်အိတ်လေးကို ချွတ်ကာ Oven ကို ခလုတ်ပိတ်ခဲ့ပြီး အိမ်ရှေ့ဘက်သို့ ခပ်သွက်သွက်ပင် ထွက်ခဲ့လိုက်၏။

“တင်းတောင်... တင်းတောင်”

“လာပြီ လာပြီ”

ပြည်သာ တံခါးကိုဆွဲဖွင့်လိုက်တော့ သံတံခါးအပြင်ဘက်မှာ စပ်ဖြီးဖြီး လုပ်နေသော ဇော်ထက်နှင့် ကိုကြီးနေသာအား တည့်တည့်မတ်မတ် တွေ့လိုက်ရလေသည်။

“စောစောလာခဲ့ပါဆိုနေမှ ခုမှပဲ ပေါ်လာကြတယ်”

သံတံခါးကို ဆွဲဖွင့်လိုက်ရင်း နည်းနည်းလေး မြည်တွန်တောက်တီးလိုက်ပေမယ့် ဇော်ထက်ရဲ့အာရုံတွေက ပြည်သာဝတ်ထားတဲ့ Apron ပေါ်မှာပဲ တဝဲလည်လည်ရောက်နေကာ ပြုံးစိစိလုပ်နေသည်။

“ဒီလိုကျတော့လည်း ပြည်သာက တကယ့်ကို အိမ်ရှင်မကြီးအတိုင်းပဲ”

“ငါ မဆဲချင်ဘူးနော် ဇော်ထက်”

“ဟီး ဟီး”

အခန်းတံခါးအား ပြန်ပိတ်ပြီးနောက် သော့ကို နေရာတကျ ပြန်ထားလိုက်ကာ ဧည့်ခန်းဘက်ကို ထွက်ခဲ့လိုက်တော့ ကိုကြီးနဲ့ဇော်ထက်က ကိုယ့်အိမ်ကိုယ့် ရာပြန်ရောက်သည့်နှယ် ဆိုဖာထက်တွင် အကျအနထိုင်ပြီး TV ကိုတောင် ဖွင့်ကြည့်နေကြ၏။

“အနံ့လေးက မွှေးလိုက်တာကွာ... ဒီနေ့တော့ ဇော်ထက်တို့ ဗိုက်ကို ခွေးနမ်းပြီပဲ”

“အမယ် မသိရင် မာမီတို့က မင်းကို အငတ်ထားနေတဲ့အတိုင်းပဲ”

“ဟဲဟဲ အိမ်လက်ရာက ရိုးနေပြီလေ... အခုဟာက စားဖိုမှူးအသစ်လေးရဲ့လက်ရာဆိုတော့ ခံတွင်းတောင်းနေတာ ဟဲ ဟဲ”

“ပြည်သာ... Chef သင်တန်းတက်နေတာ အဆင်ပြေတယ်မလား”

ကိုကြီးက TV ကို Chennel တွေလိုက်ပြောင်းရင်း ပြည်သာ့ကို လှမ်း မေးသည်။

ပြည်သာတို့ အိမ်ခွဲလာကာစက မေမေနဲ့မာမီက တစ်နေ့တစ်မျိုး မရိုးရ အောင် ချိုင့်ကြီးချိုင့်ငယ်နဲ့ ဟင်းတွေ လာပို့ကြသည်။ ပြီးလျှင် ‘သူ့ဟင်းက ကောင်း တယ်၊ ငါ့ဟင်းက အစပ်အဟပ်တည့်တယ်’ ဆိုပြီး ငြင်းခုန်ကြကာ ရန်စောင်နေကြ တဲ့ အမေနှစ်ယောက်ကို ပြဿနာတွေ မရှည်စေချင်တာကြောင့် ပြည်သာပဲ ကိုကို့ကို ချက်ကျွေးတော့မယ်ဆိုပြီး Chef သင်တန်းတက်နေတာ အခုဆိုရင် သင်တန်းဆင်းလက်မှတ်တောင် ရတော့မည်။

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Tempat cerita menjadi hidup. Temukan sekarang