ƤAƦƬ ⑨

8.6K 432 7
                                    

အပိုင်း - ၉

သတ်မှတ်နေရာများတွင် အပင်လေးများစိုက်ကြရမည် ဖြစ်သည့်အတွက် ပြည်သာရဲထက်လည်း စိတ်လှုပ်ရှားနေလေသည်။

ဆရာ၊ဆရာမများနှင့် ခေါင်းဆောင်များက အပင်လေးများကို ခွဲဝေပေးသည်။ အားလုံးကလည်း အပင်လေးများ ကိုယ်စီကိုင်ကာ ပျော်ရွှင်နေကြသည်။

ထို့နောက် စိုက်ပျိုးသည့်အပင်လေးများကို မိမိနာမည်တပ်ခွင့်ရမည် ဖြစ်သောကြောင့် ကဒ်ပြားလေးပေါ်တွင် နာမည်လေးများရေးကြရသည်။

နာမည်ရေးပြီး သတ်မှတ်နေရာအလိုက် အပင်လေးများစိုက်ကာ နာမည်လေးများကပ်ကြလေသည်။

-ထက် - ထက်-

"အဟိ"

စိုက်ထားသည့်အပင်လေးနားတွင် ထိုက်ကာ တဟိဟိလုပ်နေသည့် ပြည်သာရဲထက်ကို ထက်ကိုရှိန်းကြည့်ရင်း ခေါင်းခါလိုက်မိသည်။

ထို့နောက် အားလုံးပြန်သွားမှ ထက်ကိုရှိန်းက ပြည်သာရဲထက်စိုက်ထားခဲ့သည့် အပင်လေးကို သွားကြည့်လိုက်မိသည်။ ကြည့်လိုက်သည့်အခါ ရေးထားသည့် နာမည်ကြောင့် ထက်ကိုရှိန်းတစ်ယောက် သွေးတက်သွားရတော့သည်။

ကတ်ပြားလေးတွင် ရေးထားသည့်စာမှာ -

'ထက် ထက် - ထက်ချင်း ထပ်တော့မြတ်

ထက်ကိုရှိန်းလေးပြည်သာပေါ်တက်' ဟူ၍ ဖြစ်လေသတည်း"

.........................................................................................................................................

မနက်ဖန်ပြန်ရတော့မည်ဖြစ်သည့်အတွက် လုပ်စရာများ လက်စသတ်ပြီး သိမ်းစရာများ သိမ်းနေကြသည်။ ထက်ကိုရှိန်းကို မတွေ့သည့်အတွက် ပြည်သာရဲထက်တစ်ယောက် ယောက်ယတ်ခတ်နေလေသည်။ ခဏလေး မတွေ့ရလျှင်ပင် ကန္နရာချောင်းခြားသလို ရင်ကွဲမတတ်ခံစားရနေသည်။

ထိုအခိုက် ဇော်ထက်တစ်ယောက် အမောတကောဖြင့် ပြည်သာ့ထံသို့ ရောက်လာလေသည်။

"ပြည်သာ ပြည်သာ ဟောဟဲ ဟောဟဲ"

"အေး ဘာဖြစ်လာတာလဲ မင်းလင်ပျောက်လို့လား"

"ဟာ ပေါက်ကရ ငါ့မှာ ဘယ်ကလင်ရှိလို့လဲ... အာ ပြောရမှာမေ့တော့မယ် မဒီးဒီးရော"

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now