အပိုင်း - ၁၇
ပြည်သာရဲထက်က အပေါ်ထပ်ဝရံတာတွင် ကော်ဖီတစ်ခွက်သောက်ကာ ကောင်းကင်ကိုကြည့်လိုက် လက်ချောင်းလေးများကို ကြည့်လိုက်လုပ်နေမိသည်။
ဖုန်းတွင်ဖွင့်ထားသည့် သီချင်းက ရဲရင့်အောင်၏ 'လွမ်းလွန်းလို့' ဆိုသည့် သီချင်းဖြစ်လေသည်။
"အဟက် မင်းတို့ကို မနာလိုလိုက်တာကွာ… ကိုကို့ရဲ့ ကိုယ်လုံးလေးကို စိတ်ရှိလက်ရှိ ပွေ့ပိုက်ခွင့်ရလိုက်တယ်မဟုတ်လား"
ပြည်သာရဲထက်က သဝန်တိုစရာမရှိသဖြင့် ကြံဖန်ကာ သဝန်တိုနေသည်။ ထို့ကြောင့် ထက်ကိုရှိန်းကို ထိတွေ့ခွင့်ရလိုက်သည့် ကိုယ့်လက်ချောင်းများကိုပင် မကျေနပ်ချင်လှပေ။
"ဒါပေမယ့် ခွင့်လွှတ်ပါတယ်ကွာ မင်းတို့က ငါ့ရဲ့အစိတ်အပိုင်းတွေပါပဲလေ... ငါဆိုတဲ့ကောင်ကလေ ကိုကိုနဲ့ ပတ်သက်လာရင် ကိုကို့ဘေးနားက လေထုကိုတောင် နှစ်မြို့တာမဟုတ်ဘူးကွ သိကြရဲ့လား"
"သားငယ်"
ခေါ်သံကြောင့် တတွတ်တွတ်ရွတ်နေသည့် ပြည်သာရဲထက် လန့်သွားရသည်။
"မာဒီ"
"ဟင်"
"အာ မှားလို့ မာမီ"
ဒေါ်ထားရတနာက ပြည်သာရဲထက်ရှေ့ရှိ ခုံလေးတွင် ဝင်ထိုင်လိုက်လေသည်။
"သားငယ်"
"ဗျာ"
"သားငယ်နဲ့ ထက်ကိုရှိန်းဆိုတဲ့ကလေးက ဘယ်လိုအခြေနေတွေလဲ"
ဒေါ်ထားရတနာက မေးခွန်းထုတ်လာသည့်အခါ ပြည်သာရဲထက်က ဖုန်းတွင် ဖွင်ထားသောသီချင်းကို ပိတ်လိုက်သည်။
"ကိုရှိန်းနဲ့လား... မာမီက ဘယ်အတိုင်းတာထိသိချင်တာလဲ"
"ဟင်... သားတို့က ဘယ်အတိုင်းတာထိရောက်နေကြလို့လဲ"
"မာမီ သားကို မဆူရဘူးနော်"
"သားငယ်က မာမီဆူရလောက်တဲ့အပြစ်လုပ်ထားလို့လား"
ဒေါ်ထားရတနာသည်လည်း စကားပြောရာတွင် ခေသူတော့မဟုတ်လှပေ။ ပြည်သာရဲထက် စကားတတ်လွန်းသည်ကလည်း ဒေါ်ထားရတနာ၏ အမွေတစ်ဝက်ကို ဆက်ခံထားခြင်းမဟုတ်ပါလား။
YOU ARE READING
အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ် (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)
Romance"ကျွန်တော် ခင်ဗျားကိုချစ်တယ် ခင်ဗျားလည်း ပြန်ချစ်ရမယ်" "ဟင်"