ƤAƦƬ ⑤

10.5K 523 12
                                    

အပိုင်း - ၅

တစ်သျှူးလေးတစ်ရွက်ကို ထုတ်ကာ မျက်ရည်လေးတစ်စမ်းစမ်းဖြစ်နေရှာသည့် တီချယ်ချိုသဲ။ ခုံလေးပေါ်မျက်နှာငယ်လေးနှင့် ထိုင်နေသည့် ပြည်သာရဲထက်က လွယ်အိတ်ထဲမှ တစ်သျှူးထုတ်လေးကို ထုတ်ပေးလိုက်သည်။ တီချယ်ချိုသဲက တစ်သျှူးထုတ်လေးကို တုန်တုန်ယင်ယင်နှင့် လှမ်းယူရှာသည်။

"ကျေးဇူးပါ သားရယ်"

"မဟုတ်တာပဲ တီချယ်ရယ် သားကလေ တီချယ်မှန်းမသိလိုက်တာပါ သားကို ခွင့်လွှတ်ပါနော်"

"အို အဲ့တာက ဘာအရေးကြီးလို့လဲကွယ် တီချယ်ခွင့်လွှတ်ပါတယ်"

"သားရဲ့မေမေက တော်တော်လေး နေမကောင်းဘူးလား"

"ဟုတ်တယ် တီချယ် မေမေက အိပ်ယာထဲလဲနေရတာ"

မနေ့က မာမီ သွေးနည်းနည်းတိုးကာ မိသားစုဆရာဝန်ဖြင့် ခေါ်ပြခဲ့ရသည်လေ။ ပြည်သာရဲထက်လေးက မလိမ်တတ်ပါ။ အမှန်တွေကိုသာ ပြောခြင်းဖြစ်လေသည်။

"သားရဲ့ဖေဖေက အိမ်မှာ မရှိဘူးပေါ့"

"ဟုတ်ကဲ့ တီချယ် ဒယ်ဒီက အိမ်မှာမနေရဘူး အလုပ်ထွက်လုပ်နေရတာ"

ဒါလည်း အမှန်ပင် ဒယ်ဒီက အလုပ်ကိစ္စခရီး အမြဲသွားရသည်။ ထို့ကြောင့် အိမ်တွင် မရှိတတ်ပေ။ ထိုအရာကလည်း အမှန်တရားပင်။

"သားရဲ့ ကိုကြီးက ဘာလို့မူးနေတာလဲ"

"မသိပါဘူး တီချယ်ရယ် ကိုကြီးက မူးနေတော့ သား အသံတောင်မထွက်ရဲဘူး"

ဒါလည်းအမှန်ပဲလေ။ ကိုကြီး မနေ့က မူးလာသည်လေ။ အလုပ်မှာ Target ပြည့်မှီသည့် ဝန်ထမ်းများကို ညစာစားပွဲလုပ်ပေးရင်း ကိုကြီးက သောက်လာသည်။ ပြည်သာရဲထက်လေးက အမှန်တွေကိုသာ ပြောနေခြင်းပင်။

"ကဲပါ သားရယ် အတန်းသွားတက်တော့ စိတ်ထဲ သိပ်မထားပါနဲ့ အကူညီလိုရင် တီချယ့်ဆီလာနော် တီချယ် ကူညီပေးမယ်"

"ကျေးဇူးတင်ပါတယ် တီချယ်"

"ရော့ ရော ဒါက သားကို တီချယ်မုန့်ဖိုးပေးတာ"

"မဟုတ်တာပဲ တီချယ်ရယ် သားမယူပါဘူး ကျေးဇူးတင်ပါတယ်"

တီချယ်ချိုသဲကတော့ ပြည်သာရဲထက်မှာ သနားစရာကောင်းသည့်အပြင် သူများပိုက်ဆံကို မမက်မောတတ်သည့်ကလေးဟု မှတ်ချက်ပြုကာ ပိုပြီး ဝမ်းနည်းလာရတော့သည်။

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Donde viven las historias. Descúbrelo ahora