ƑIƝAԼ

11.6K 269 2
                                    


ဇာတ်သိမ်းပိုင်း

ငွေဆောင်ကမ်းခြေရှိ Sunny Paradice Resort တွင်ပြင်ဆင်ထားသည့် မင်္ဂလာပွဲလေး။ ထိုမင်္ဂလာပွဲလေးကိုတော့ နှစ်ဖက်မိဘ ဆွေမျိုးများနှင့် ရင်းနီးသူအနည်းငယ်သာ ဖိတ်ကြားထားလေသည်။ ရင်းနီးသူအနည်းငယ်ဟုဆိုသော်လည်း ဖတ်စာ (၅၀၀) ကို အသုံးပြုထားခဲ့ခြင်းပင်။

ချစ်ခြင်းကိုဖော်ကျူးပေးသည့် နှင်းဆီနီများဖြင့် ပြင်ဆင်ထားသည့် မင်္ဂလာစင်မြင့်နှင့် လျှောက်လမ်းက ညနေခင်းအချိန်တွင်လှပလွန်းသည့် နတ်တို့ဖန်ဆင်းသည့်နန်းတော်ကြီးနှယ်။ ရေမွှေးရနံ့သင်းသင်းလေးကလည်း ပင်လယ်လေအဝှေ့တိုင်းပါလာအောင် စီမံထားသည်မှာ နှစ်သက်ဖွယ်ရာအတိ။

ဟိုတယ်ခန်းထဲတွင်ပြင်ဆင်ထားသည့် အဖြူရောင်သတို့သားဝတ်စုံနှစ်စုံ။ ကော်လံအနားလေးများကို စီခြယ်ထားသည့်စိန်ပွင့်လေးများ။

နာမည်ကျော် Gucci ၏ အထူးသီးသန့်ချုပ်လုပ်ပေးထားသည့် Lather ဖိနပ်နှစ်စုံ။ အရည်အသွေးကောင်းလှသည့် ပန်းရောင်ရှားပါးစိန်ဖြင့် ခတ်ထားသည့် မင်္ဂလာလက်စွပ်နှစ်ကွင်း။ ရင်ကပ်ပန်းအစားပြင်ဆင်ထားသည့်ရင်ထိုးလေးများကလည်း စိန်ပွင့်လေးများဖြင့်တလက်လက်တောက်ပလျှက်။

ထိုအရာများ၏ အရှင်သခင်များက မည်သူများပါလိမ့်။

ဟုတ်ပါသည်။ ထက်ကိုရှိန်းနှင့် ပြည်သာရဲထက်ပါပင်။

ထက်ကိုရှိန်းက အဝတ်အစားလဲပြီး ပြင်ဆင်နေသည့် ပြည်သာရဲထက်ကို ကြည့်ကာ ပြုံးနေမိသည်။ အလွဲများဖြင့်တွေ့ခဲ့ရသည့် ထိုကောင်လေးက တကယ့်ကိုအဖိုးတန်လေးဖြစ်လေသည်။ ထက်ကိုရှိန်း၏ နှလုံးသားကို အပြီးတိုင်နေရာယူ သိမ်းပိုက်သွားသည့်ကောင်လေး။

ထက်ကိုရှိန်းအတွက် မည်သည့်အရာနှင့်မျှ အလဲအထပ်မလုပ်နိုင်လေသော ဖြစ်တည်မှုလေးကတော့ ပြည်သာရဲထက်ပါပင်။

"ဘာတွေကြည့်နေတာလဲ ကိုကို"

"ကလေးက ချစ်စရာကောင်းလိုက်တာကွာ.. ကိုကိုကတော့ ကလေးကို မျက်လုံးအောက်ကကို အပျောက်မခံနိုင်တော့ဘူး သိရဲ့လား.. ခုလိုပွဲလုပ်ရတော့ ကလေးစိတ်ထဲ ဘယ်လိုနေလဲ"

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now