ƤAƦƬ ㉙

6.5K 260 5
                                    

အပိုင်း - ၂၉

ဆေးပိုက်မှ တစ်စက်ချင်းကျနေသည့်ဆေးစက်လေးများကြောင့် ထက်ကိုရှိန်း သက်ပြင်းချနေရသည်မှာ ဘယ်နှစ်ခေါက်ရှိနေပြီမသိတော့ပေ။ ဆရာဝန်က စိတ်ပူစရာမရှိတော့ပါဟု ပြောခဲ့သည့်တိုင်အောင် ထက်ကိုရှိန်းကတော့ စိတ်မအေးနိုင်ပေ။ ပြည်သာရဲထက်က ဆေးအရှိန်ဖြင့် အိပ်ပျော်နေသော်လည်း ထက်ကိုရှိန်းကတော့ အသက်ရှူရသည်မှာပင် ဖြောင့်ဖြောင့်မရှိလှ။ ဒေါ်သီတာက ထက်ကိုရှိန်းဘေးတွင်ဝင်ထိုင်လိုက်သည်။ ထို့နောက် ထက်ကိုရှိန်း၏ ဆံပင်လေးများကို ခပ်ဖွဖွထိလိုက်သည့်အခါ ထက်ကိုရှိန်းက ခေါင်းကိုရှောင်လိုက်သည်။

"ရှိန်း.. သား.."

ထက်ကိုရှိန်းက ကိုင်ထားသည့် ပြည်သာ၏ လက်လေးကို ရင်ဘတ်ပေါ်တင်ပေးလိုက်ပြီး ဒေါ်သီတာကို လှည့်ကြည့်လာခဲ့သည်။

"မေမေ"

"အင်း တောင်းပန်ပါတယ် မေမေမှားသွားတယ် အဲ့လောက်ထိဖြစ်သွားမယ်မထင်လို့ပါ သားရယ်"

"မေမေ သားကိုချစ်တာ တကယ်ရော ဟုတ်ရဲ့လား"

"အို ဘယ်လိုမေးလိုက်တာလဲ သားရယ်.. မေမေက ရှိန်းကို ဘယ်လောက်တောင်ချစ်လိုက်ရလဲ ရှိန်းက မေမေရဲ့ ကမ္ဘာကြီးပဲရှိန်းရယ်"

"အဲဒါဆိုရင် သားချစ်တဲ့သူကိုလည်း မေမေချစ်ပေးရမှာ မဟုတ်ဘူးလား"

ဒေါ်သီတာက မျက်ရည်ဝဲနေသည့် ထက်ကိုရှိန်း၏ လက်လေးများကို ဆွဲယူလိုက်သည်။

"မေမေ ပြင်ပါ့မယ် သားလည်း နေကောင်းတာမဟုတ်ဘဲနဲ့ကွယ် ခေါင်းတွေကိုက်မယ်လေ မငိုနဲ့နော်"

"မေမေက အရမ်းရက်စက်တာပဲ"

"ဟုတ်ပါတယ် မေမေ မှားသွားတယ်ကွယ် အပြစ်မရှိတဲ့ ကလေးကို တမင်ဒုက္ခပေးသလို ဖြစ်သွားရတယ်"

ထိုအချိန်တွင်ပင် ပြည်သာရဲထက်က လူးလွန့်ကာနိုးလာလေသည်။ ထို့နောက် ထက်ကိုရှိန်းကို အသံတိုးတိုးလေးဖြင့်ခေါ်သည်။

"ကိုကို"

"ကလေး"

ထက်ကိုရှိန်းက ပြည်သာရဲထက်၏ လက်လေးကို ဆုပ်ကိုင်လိုက်မိသည်။

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now