ƤAƦƬ ㉑

7.6K 305 10
                                    

အပိုင်း (၂၁)

အချိန်ကား ညသန်းခေါင်ကျော် (၁) နာရီခန့်ဖြစ်သည်။

ထက်ကိုရှိန်းက လက်နှစ်ဖက်ကိုစုချေရင်း စိတ်လှုပ်ရှားမှုကို ထိန်းနေရသည်။ ပြည်သာရဲထက်က ခိုးပြေးပါဟု ပြောလာသည့်အခါ ထက်ကိုရှိန်း ငြင်းဆန်နိုင်စွမ်းမရှိခဲ့ပေ။ ငြင်းဆန်လိုက်လျှင် ထက်ကိုရှိန်းနှင့် ပြည်သာရဲထက်တို့ အမှန်ပင်ဝေးကြရလိမ့်မည်။ ထို့ကြောင့် ပြည်သာရဲထက်၏ ဆိုးဝါးလှသော အကြံအား ထက်ကိုရှိန်းတစ်ယောက်  ခေါင်းညိတ်ခဲ့ရတော့သည်။

ပြည်သာရဲထက်ကို ထက်ကိုရှိန်းအနေနှင့် တင့်တောင်းတင့်တယ် တောင်းရမ်းယူလိုသည်။ သို့သော် မိဘများ၏ ရန်ကြွေးက သူတို့နှစ်ယောက်ကိုပါ ရိုက်ခတ်လာသည့်အခါ ထက်ကိုရှိန်းအနေနှင့် ထိုစိတ်ကူးလေးသည် လေထဲမှ တိုက်အိမ်လေးပမာ လွင့်ပြယ်ခဲ့ရသည်။

"ကိုကို"

ခေါ်သံလေးကြောင့် အတွေးတို့ ပြတ်တောက်ကာ ထက်ကိုရှိန်းရင်ထဲ နွေးသွားရတော့သည်။

"ကလေး...လာ"

"အင်း.. ကိုကို့အထုတ်တွေရော"

ထက်ကိုရှိန်း၏ ဘေးဖက်ဝဲယာကို ကြည့်ကာ ပြည်သာရဲထက်မေးလိုက်လေသည်။

"ဒီမှာလေ"

"ဟင်"

"ဘာလို့လဲ ကလေးရဲ့"

"ဒီကျောပိုး အိတ်လေးတစ်လုံးတည်းလား"

"ဟုတ်တယ်လေ ကလေးရဲ့ ဘာလို့လဲ"

"အားယို... ကိုကိုကလည်း ခိုးပြေးတာကို ဒီအိတ်ပိစိလေးတစ်လုံးတည်းနဲ့လား"

"ဒါပေါ့ကလေးရဲ့ ကိုကိုတို့က ခိုးပြေးတာလေ ဟန်းနီးမွန်းထွက်တာမှမဟုတ်ဘဲနဲ့"

"ဟန်းနီးမွန်းလည်း ဆက်သွားမှာပါဆိုနေ... ကဲပါ လာ.. လာ ကားပေါ်တက်"

ပြည်သာရဲထက်က ဘယ်လိုစီစဉ်ထားသည်တော့မသိ ခပ်လှမ်းလှမ်း အပင်အောက်တွင် ရပ်ထားသည့် Alphard ကားဆီသို့ ထက်ကိုရှိန်းလိုက်လာခဲ့ရသည်။ ကားနားအရောက် ထက်ကိုရှိန်းက ကားခေါင်းခန်းမှ မောင်းသူနေရာကို တံခါးဖွင့်မည်အပြု ပြည်သာရဲထက်က လက်ဆွဲကာ ခေါင်းခါပြလာခဲ့သည်။ ရုတ်တရက်ဖြစ်သည့်အတွက် ထက်ကိုရှိန်း နားမလည်နိုင်ပေ။ သူတို့ခိုးပြေးမည့်နေရာက မန္တလေးသို့ဖြစ်သည်။ ထက်ကိုရှိန်း၏ သူငယ်ချင်းဖြစ်သူ ဒီးဒီး၏ အမနေအိမ်တွင် ထက်ကိုရှိန်းတို့ ခေတ္တမျှနေနိုင်ရန် ဒီးဒီးက စီစဉ်ပေးထားခြင်းဖြစ်လေသည်။

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now