ƤAƦƬ ⑲

7K 325 1
                                    

အပိုင်း - ၁၉

ပြည်သာရဲထက်က အရှေ့တွင်ရှိနေသည့် ဆန်ပြုတ်ပန်းကန်ကို ဇွန်းဖြင့်မွှေနေသည်။ ဒေါ်ထားရတနာ စိတ်မသက်သာလှစွာဖြင့် သက်ပြင်းသာချရတော့သည်။

ငယ်ငယ်ကပင်ချူချာလွန်းသဖြင့် ပိုးမွေးသလိုမွေးထားခဲ့ရသည့် သားငယ်မဟုတ်ပါလား။ မျက်နှာမသာမယာဖြစ်နေသည့်အခါတိုင်း ရင်မောခဲ့ရဖူးသည်လေ။

"သားငယ်လေး"

"................................."

"သားငယ်လေး ဘာလိုချင်လဲ... Tissot ကလေ ဒီဇိုင်းအသစ်ထွက်တယ်တဲ့ မာမီ မှာပေးရမလား"

"......................................."

"ဟုတ်သားပဲ... သားငယ်လေး နာရီမဝယ်တာအတော်ကြာနေပြီပဲ... မာမီမှာလိုက်မယ်နော်"

"တော်ပါပြီ မာမီရယ်"

"ဘာလို့လဲ သားငယ်ရဲ့"

"နာရီအသစ်ပတ်ရလည်း အဲ့နာရီက ကိုရှိန်းမှမဟုတ်တာ အီးဟီးဟီး...."

ဒေါ်ထားရတနာပြောသမျှကို ပြန်မပြောသည့် ပြည်သာရဲထက်က ပြန်ပြောသည့်အခါလည်း ကျူကျူပါအောင် ထငိုလေတော့သည်။

ထို့ကြောင့် ဒေါ်ထားရတနာမှာ သက်ပြင်းထပ်ချရလေတော့သည်။

"သားငယ်ရယ်... သားငယ်က ဘယ်သူ့ကို သဘောကျကျ မာမီလက်ခံပါတယ်"

"အဲ့တာဆိုရင် ကိုရှိန်းကို ဘာလို့လက်မခံနိုင်ရတာလဲ"

"သားငယ်"

"ကိုရှိန်းက ဘာဖြစ်နေလို့လဲ... သားရဲ့ နှလုံးသားယန္တယားကြီးက ကိုရှိန်းနဲ့မှ လည်ပတ်တာ"

"တော်စမ်း.... စကားတတ်တိုင်းလျှောက်ပြောမနေနဲ့"

"မာမီ"

"မာမီပြောပြီးပြီလေ... အဲ့ကလေးတော့ မဖြစ်ဘူး... အို လုံးဝကို မဖြစ်တာပါ ဘယ်လိုမှ သဘောမတူနိုင်ဘူး"

"မာမီမတရားဘူး"

"မိဘက မဖြစ်ဘူးလို့ ပြောနေတယ်လေ သားငယ်"

"ဘာလို့ မဖြစ်တာလဲ"

ဒေါ်ထားရတနာက ထိုင်ခုံလေးမှထကာ ပြည်သာရဲထက်၏ ကုတင်စွန်းတွင် တင်ပါးလွှဲဝင်ထိုင်လိုက်လေသည်။

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now