ƤAƦƬ ㉘

6.3K 274 6
                                    

အပိုင်း - ၂၈

လိုက်ကာစကြားမှ တိုးဝင်လာသော နေရောင်က မျက်နှာပေါ်ကို တိုက်ရိုက်ထိုးကျလာတာကြောင့် ရှိန်း အိပ်မှုန်စုပ်မွှားဖြင့် မျက်မှောင်ကျုံ့မိသွားသည်။

အိပ်ရေးမဝသည့်ဒဏ်က မျက်တောင်နှစ်ခုအပေါ် မင်းမူနေတော့ ကျနေသောနေရောင်ကိုသာ မျက်နှာလေးရွေ့ကာ ဖယ်လိုက်ရင်း ဘေးနားက ပေါက်စလေးကို လှမ်းဖက်လိုက်သည်။

အေးစက်လစ်ဟာနေသော နေရာလေးကြောင့် ရှိန်းရဲ့ မျက်လုံးတွေ ဝုန်းကနဲ ကဆုန်ပေါက်ကာ ပွင့်သွားသည်။ အမြဲဖက်နေကျနေရာလေးက လစ်ဟာနေတော့ ရင်ထဲမှာ စိုးရိမ်စိတ်က နေရာယူလာသည်။

ပက်လက်လှန်ကာ ဘေးဘက်စားပွဲပေါ်က နာရီကိုကြည့်လိုက်တော့ ခြောက်နာရီခွဲ။ ပေါက်စလေးက ဒီအချိန်ကြီး ဘယ်ထသွားတာပါလိမ့်။ Toilet များ ဝင်နေတာလားမသိလို့ တွေးမိသော်လည်း ခပ်ဟဟဖြစ်နေသော ရေချိူးခန်းတံခါးက ရှိန်းအတွေးတွေ မှားနေကြောင်း ပြောပြနေသယောင်။

ဒီရက်ပိုင်း မေမေက ထိုကလေးကို ဘာအငြိုးနဲ့ ခိုင်းနေသည်မသိ။ စျေးသွားလည်း ပြည်သာပါမှ။ မီးဖိုချောင်ထဲလည်း ပြည်သာပါမှ။ ခြံထဲမြက်ရှင်းလည်း ပြည်သာပါမှ။ နေရာတကာမှာ ထိုကလေးရဲ့နာမည်ကို ပါးစပ်ကမချတမ်း တစ်ခုပြီးတစ်ခု တန်းစီးပြီးခိုင်းနေတာ ကြာတော့ ရှိန်းမနေသာဘဲ ပြည်သာ့လေးကို မေမေမသိအောင် အပြင်ကို ခေါ်ခေါ်ထုတ်သွားရသည်။

အခုလည်း ကြည့်ပါဦး။ မနက်အစောကြီးတောင် သူ့ကလေးက သူ့အနားမှာမနေရ။ ဘယ်နေရာမှာ ဘာများလုပ်နေမည်မသိ။ အိပ်ရေးတောင် ဝရဲ့လား စိတ်ပူမိတာ လွန်မည်မထင်။ ရှိန်း အတိတ်မေ့သွားပေမယ့် ဖေဖေနဲ့မေမေကိုတော့ သိပ်စိမ်းမနေ။ ထို့အတူ ပြည်သာလေးကိုလည်း အသစ်ဖြစ်လာသောနှလုံးသားဖြင့် နှစ်နှစ်ကာကာ ချစ်မိနေလေတော့ အရာရာ ကျဥ်းထဲကျပ်ထဲရောက်နေသလို ခံစားနေရသည်။

ရှိန်း အိပ်ရာမှ ထလိုက်ကာ အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ပြုပြင်ပြီး အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ တစ်အိမ်လုံးတိတ်ဆိတ်နေတာများ အပ်ကျသံတောင် ကြားရလောက်သည်။

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Tahanan ng mga kuwento. Tumuklas ngayon