ƤAƦƬ ㉗

6.2K 256 5
                                    


အပိုင်း - ၂၇

"ဝါး ကိုကို့ရဲ့အခန်းက အကျယ်ကြီးပဲ"

"ဟုတ်လား ပေါက်စ သဘောကျတယ်ပေါ့"

"အင်း သဘောကျတယ် ... ပြီးတော့ ကိုကိုက အနက်ရောင်ကြိုက်တာလား"

"ကိုယ် မမှတ်မိဘူး ပေါက်စ ကိုယ့်အခန်းအပြင်အဆင်အရတော့ ကိုယ်က အနက်ရောင်သဘောကျတာဖြစ်မယ်"

"အာ ဟုတ်သားပဲ... ဒါနဲ့ ကလေးလို့ ခေါ်လေ ဘာလို့ ပေါက်စ ပေါက်စနဲ့ ခေါ်နေရတာလဲ"

"ပေါက်စဆိုတာ သူ့ဘာသာထွက်လာတာလေ"

"အိုကေလေ လောလောဆယ် ကြိုက်သလိုခေါ်ပါ"

ထက်ကိုရှိန်းက ပြည်သာကို ကြည့်လိုက်သည်။ ပြည်သာက အခန်းကို လိုက်ပတ်ကြည့်နေသည်။ မေမေတို့က အခန်းတွင် ကုတင်ပါ အသစ်လဲပေးထားသည်ဟုဆိုသည်။ အခန်းထဲတွင် အသုံးဆောင်များက အနက်ရောင်အများဆုံး ဖြစ်ပြီး မှန်ဗီရိုအကြီးထဲတွင် ဆုတံဆိပ်များ တန်းစီကာထည့်ထားသည်ကို တွေ့ရသည်။

ထက်ကိုရှိန်း အခန်းထဲတွင် အဝတ်ဗီရို ၃ လုံးက ထက်ကိုရှိန်း၏ အဝတ်များဖြစ်သည်။ အသစ်ထည့်ပေးထားသည့် ဗီရိုက ပြည်သာအတွက်ဖြစ်သည်။ ထို့ကြောင့် ပြည်သာက သူ့ အဝတ်များကို စီထည့်နေသည်။

နာရီ၊ နက်ခ်တိုင်၊ ခါးပတ် စသည်တို့ကို အလှ Show Case များဖြင့် ထည့်ထားကာ နာမည်ကြီး ရေမွှေးများကိုလည်း စနစ်တကျထားရှိသည်ကို ထက်ကိုရှိန်း ဝေ့ဝဲကြည့်နေမိသည်။

"ကိုကို"

ပြည်သာ ခေါ်သံကြောင့် ထက်ကိုရှိန်း၏ အတွေးတို့က ပြည်သာထံရောက်သွားရသည်။ ထို့ကြောင့် ပြည်သာ နားတွင်သွားထိုင်လိုက်သည်။

"ပြောလေ ပေါက်စ"

"ကိုကိုက တော်တော်စနစ်ကျတာပဲနော်"

"အင်း ကိုယ်လည်းတွေးနေတာ ကိုယ်က ဘယ်လိုလူလဲ ပြီးတော့ ကိုယ့်အတိတ်တွေကို မမှတ်မိတာက လွဲရင် ကိုယ်ကတော်တော်ကံကောင်းတာပဲ"

"ဟုတ်တယ် ကိုကိုက လုံးဝ Perfect ပဲ"

"အဲ့လောက်တောင်လား"

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now