BOƝUS ƤAƦƬ ④

7.2K 193 4
                                    

Bonus Part - 4

နေသာရဲထက်က ဒီနေ့တော့ ပြုံးရွှင်နေသည်။ ဇော်ထက်ကလည်း နေသာရဲထက်နှင့် ချစ်ကြည်နူး တစ်တီတူးရတော့မည်ဖြစ်သည့်အတွက် စိတ်ပျော်နေရှာ၏။ ပြည်သာရဲထက်၏ အမွှေပေါင်း တစ်သိန်းခြောက်သောင်းလောက်ကို ခံနေရသူများဖြစ်သည့်အတွက် ဒီနေ့လိုနေ့မျိုးက သူတို့နှစ်ယောက်အတွက်တော့ တကယ့်ကို နိဗ္ဗာန်ပင်။

"ကိုကို... ဒီနေ့ ပြည်သာတို့မလာမှာ သေချာပါတယ်နော်"

"သေချာပါတယ်.. ဒီနေ့ ပြည်သာတို့က ရှိန်းရဲ့အိမ်မှာ အိပ်ကြမှာတဲ့"

"ပြီးတာပဲ"

"ပြွတ်... ကိုကို့ကလေးက ချစ်စရာလေး.."

"ကိုကိုနော်.. ဟွန်း"

"ဘာလဲကွာ.. ဒီနေ့လေးပဲ ကိုယ်တို့ ကြည်နူးရမှာလေ"

"သိပါပြီလို့.. ကိုကိုကလည်း"

ဒီနေ့က သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည့်အတွက် ပြည်သာတို့က ထက်ကိုရှိန်းမိဘများအိမ်တွင် ညအိပ်ကြမည်ဖြစ်သည်။ မဟုတ်လျှင် အိမ်ခွဲနေကြသည့်ကြားမှပင် နေသာနှင့် ဇော်ထက်တို့ဆီလာကာ နည်းမျိုးစုံဖြင့် မွှေတတ်၏။

နေသာက ဇော်ထက်၏ ညအိပ်လေးကို ချွတ်ပေးလိုက်ပြီး အနမ်းတို့ကို စတင်လိုက်သည်။ ဇော်ထက်က နေသာ၏ အနမ်းများကို ပြန်လည်တုံ့ပြန်လာပြီး ချစ်ခြင်းတို့ဆီ ချီတက်မိကြသည်။ အတန်ကြာပြီးနောက် ခရီးပန်းတိုင်ဆီ နှစ်ယောက်လုံး ရောက်သွားကြတော့၏။ နှစ်ယောက်လုံးကတော့ မောပန်းလျှက်။

နေသာက အိပ်ပျော်သွားသည့် ဇော်ထက်ကို ပါးလေးကို နမ်းပြီး စောင်ခြုံပေးလိုက်သည်။

ထိုအခိုက် ထွက်ပေါ်လာသည့် တံခါးခေါက်သံ။

-ဒုန်း ဒုန်း-

တခါးခေါက်သံကြောင့် နေသာက မျက်မှောင်ကျုံ့လိုက်သည်။ အချစ်နယ်ကျွံပြီး ဇော်ထက်တော့ မောလို့ အိပ်နေရှာပြီ။ နေသာက သဘတ်ကို ခါးမှာပတ်ပြီး တံခါး ထဖွင့်ရသည်။ ဒီအချိန်ကြီး မာမီများ လာခေါ်လေသလား။ နေသာက ဆံပင်ကို လက်ဖြင့် သပ်တင်ကာ တံခါးကို ဖွင့်ပေးလိုက်သည်။ တံခါးဖွင့်လိုက်သည့်အခါ တွေ့လိုက်ရသူက မာမီတော့မဟုတ်။

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now