အခန်း (၂) (က)

1.2K 135 0
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း

အခန်း (၂) (က)

ထို ရုတ်တရတ်ဖြစ်မှုသည် လူတိုင်းအား အထိတ်တလန့်ဖြစ်သွားစေသည်။

စစ်ယွီလည်း ကြောင်သွား၏။ သူမရဲ့ရောဂါက အဲ့လောက်ထိ ပြင်းထန်လိမ့်မယ်လို့ မထင်ထားမိပေ။ သွေးတစ်လုတ်အန်တာနဲ့ပင် ရပ်မသွားသေးဘဲ အဆက်မပြတ် ချောင်းဆိုးနေသည်။ သူမ၏ပါးစပ်အား အချိန်မှီ အုပ်လိုက်သော်လည်း လက်ကြားမှ ယိုစီးကျလာသော သွေးစက်များသည် ‌မြေပြင်တွင် ထောင်ထားသော ပန်းများ၏ ပွင့်လွှာများအား အနီရင့်ရင့်ဆိုးပေးနေသကဲ့သို့ပင်။

သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရလို့သာ မဟုတ်ရင် စစ်ယွီသည် လူတစ်ယောက်ဟာ ချောင်းဆိုးနေရင်း ဒီလိုကြီး သွေးအန်နိုင်တယ်ဆိုတာကို မယုံကြည်နိုင်ပေ။ ပြောရမယ်ဆိုရင် မန်ဟွာထဲမှာ အမျိုးသမီးဇာတ်ပို့ရဲ့ ရှုတင်က တအား အဆင်ပြေချောမွေ့နေခဲ့တာ မဟုတ်ဘူးလား။  သူမက ဖက်ရှင်လောကထဲဝင်ဖို့ လှေကားတစ်ထစ်တက်နိုင်ခဲ့ပြီး တစ်ညထဲနဲ့ ကျော်ကြားသွားခဲ့တာ မဟုတ်ဘူးလား။

တစ်ဖက်မှာတော့ စစ်ယွီသည် လမ်းချော်သွားသော ဇာတ်လမ်းကြီးကြောင့် အလွန်အံ့အားသင့်နေခဲ့သည်။ မတ်တပ်ရပ်နေသော ယွီလင်းကတော့ အလွန်ကြောက်လန့်နေပြီဖြစ်၏။ သူမသည် ယနေ့ရှုတင်၏ အကြီးအမှူးဖြစ်သည်။ တစ်ခုခုသာဖြစ်ခဲ့မည်ဆိုလျှင် ပြဿနာအားလုံး သူမ တာဝန်ယူရမှာဖြစ်သည်။

“မြန်မြန် ရိုက်နေတာရပ်ပြီး ဆေးရုံကားခေါ်တော့။” နောက်ဆုံးတွင် ယွီလင်းသည် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရ၏။ သူမသည် မြန်မြန်ပင် စိတ်တည်ငြိမ်အောင်လုပ်ကာ တခြားလူများကို အော်လိုက်သည်။ “အဲ့မှာပဲ ရပ်မနေကြနဲ့။ သူမကို နားနေခန်းဆီ မြန်မြန်ခေါ်သွားလေ။”

သူမသည် စစ်ယွီတစ်ယောက် ခဏခဏ အနားယူဖို့ ပြောနေသည်ကို အသစ်လာသူတစ်ယောက်က ဖျားနာဟန်ဆောင်နေသည်ဟုထင်၍ မာန်မဲနေခဲ့တာဖြစ်သည်။ စစ်ယွီ သွေးတွေ အဆက်မပြတ် အန်နေတာမြင်မှ အဲ့ဒါက တကယ့်ကိစ္စကြီးဆိုတာ နားလည်သွားသည် ___ ကျေးဇူးပြုပြီး ကျိုးစစ်ယွီကို ဒီနေရာမှာ တစ်ခုခုမဖြစ်ပါစေနဲ့ အား... မဟုတ်ရင် ဒီကိစ္စပျံ့သွားလို့ကတော့ မီဒီယာက ဘယ်လိုတွေဖွမယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now