အခန်း (၆) (က)

1.1K 154 1
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း

အခန်း (၆) (က)

ကျီလင်းထွက်သွားတာကို ကြည့်ပြီး စစ်ယွီသည် သူ့ရဲ့ ထူးဆန်းသော အပြုအမူများကို စိတ်ထဲမထားတော့ဘဲ ခံစားချက်နှင့် သက်ပြင်းသာချလိုက်မိသည်။ သူမ ဖန်တီးခဲ့တဲ့ သားလေး တကယ်ဖြစ်ထိုက်ပါပေတယ်၊ ကျီလင်း၏ ခေါင်းပေါ်မှ မြူသည် သူမ တွေ့ဖူးသည့် လူတိုင်းထက် ပိုမိုတောက်ပနေပေသည်။ ထိုအရောင်သည် ခရမ်းရောင်ဘက်သို့ သန်းနေသော ကြက်သွေးရောင် အမျိုးအစား ဖြစ်သည်။ စစ်ယွီသည် 'ခရမ်းရောင်ချီက အရှေ့အရပ်မှလာတယ်* ဟူသည့် ဆိုရိုးကို ကြားဖူး၏။ ထို့ကြောင့်ပင် သူမ ခန့်မှန်းမိသည်က... သူမ မြင်တွေ့ခဲ့ရတဲ့ ခေါင်းပေါ်က မြူတွေက လူတစ်ယောက်ချင်းစီရဲ့ ကံတရားကို ကိုယ်စားပြုနေတာများလား။

*- ကောင်းမြတ်သော နိမိတ် 

ကျီလင်းကဲ့သို့ အရှိန်အဝါမျိုးက အနီရင့်ရောင်ဘက်သို့ နီးကပ်လေလေ၊ ထိုလူ၏ ကံစွမ်းအားသည် အားကောင်းကြောင်းကို ညွှန်ပြနေသည်။ ဒါဆို သူမ ဒီနေ့တွေ့ခဲ့တဲ့ ယွီလင်းရဲ့ ခေါင်းပေါ်က အမည်းရောင်မြူတွေက အဲ့ဒီလူရဲ့ ကံကြမ္မာဆိုးကို ကိုယ်စားပြုနေပေသည်။

စစ်ယွီသည် သူမ ယွီလင်း၏ခေါင်းပေါ်မှ အမည်းရောင်မြူများကို ထိလိုက်သည့်အချိန်က သူမစိတ်ထဲတွင် ပေါ်လာခဲ့သည့် မြင်ကွင်းများကို သတိရမိသွားသည်။ သူမ၏ မျက်နှာအမူအရာမှာ အေးခဲသွားရ၏။

စကားမစပ်... တကယ်လို့ အဲ့ဒီပုံရိပ်တွေက အနာဂတ်မှာ ဖြစ်ပျက်မယ့် နိမိတ်တွေဆိုရင် ယွီလင်းရဲ့ သမီးလေးက...

စစ်ယွီသည် သူမ မြင်ခဲ့သော ပုံရိပ်တွေထဲမှ ထင်သာမြင်သာရှိတဲ့ စတိုးဆိုင်အများကြီးရှိနေတာကို အမှတ်ရလိုက်သည်။ သူမသည် ချက်ချင်းပင် ထိုလိပ်စာကို ရှာကာ တက်စီခေါ်လိုက်ပြီး အပြေးလေး သွားလိုက်မိ၏။

သူမ ထိုနေရာသို့ ရောက်သောအခါ အက်စီးဒန့်ဖြစ်မည့်နေရာသည် ကျန်းမြို့တော်အလယ်ခေါင်ရှိ လူရှုပ်ထွေးနေသော လမ်းမကြီးဖြစ်သည်ကို တွေ့လိုက်ရသည်။ များပြားလှသော လူတွေ ယာဉ်တွေ သွားလိုက်လာလိုက်နှင့် အလွန်အမင်း ကြပ်သိပ်နေသောနေရာ၏ လေထုအခြေအနေမှာ အမှန်တကယ်ပင် မကောင်းပေ။ စစ်ယွီသည် သူမ ရင်ဘတ်ထဲမှ အသက်ရှူကြပ်သော ခံစားချက်ကြီးကို သည်းခံကာ ဘေးနားတစ်ဝိုက်ကို ရှာကြည့်လိုက်သည်။ သို့သော် ယွီလင်းနှင့်တူသော ကောင်မလေးကို သူမ ရှာလို့မတွေ့ပေ။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now