အခန်း (၅) (ခ)

1.1K 144 0
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း

အခန်း (၅) (ခ)

ဓာတ်လှေကားရပ်သွားတာကို သတိထားမိသည်နှင့် ကျီလင်းသည် ဖုန်းကြည့်နေရာမှ ခွာကာ အရှေ့သို့ ကြည့်လာသည်။ တစ်ချက်လေး ကြည့်လိုက်သည်နှင့် သူ့မှာ စကားမပြောနိုင်တော့ပေ။

စစ်ယွီသည် ခုနကတည်းကပင် ကျီလင်းအား မြင်ခဲ့ပြီး သူ့အား သတိထားမိပြီးသားဖြစ်သည်။ ကျီလင်း၏ စိတ်ရှုပ်သော အမူအရာကို တွေ့လိုက်သောအခါ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိ၏။ သူမသည် သူတို့အား အရင်သွားနှင့်ရန်နှင့် သူမက နောက်ထပ်တစ်ခုကို စောင့်လိုက်မည်ဟု ပြောခဲ့သည်။

"အ... အဆင်ပြေပါတယ်" ကျီလင်းသည် သူမအား တားလိုက်ပြီး ဓာတ်လှေကားထဲမှ ဖွင့်သည့် ခလုတ်ကို နှိပ်ပေးလိုက်သည်။ ကျီလင်းသည် စကားပြောလိုက်သောအခါမှ သူသည် အလွန်အမင်း စိတ်လှုပ်ရှားနေသောကြောင့် စကားထစ်သွားမှန်း သိလိုက်ရ၏။ သူသည် အလျင်အမြန်ပင် ချောင်းဟန့်လိုက်ပြီး ကြမ်းပြင်ကိုကြည့်ကာ ပြောလိုက်သည်။ "ဝင်လာခဲ့ပါ။ ဒီမှာလည်း လူတွေအများကြီးရှိနေတာမှမဟုတ်တာ။"

ကျီလင်း၏ နောက်တွင် ရပ်နေသော လက်ထောက်ရှောင်အိုက်မှာ မျက်လုံးကိုမလှိမ့်ဘဲ မနေနိုင်တော့ပေ။

ကျီလင်းရဲ့ လေသံထဲက စိတ်လှုပ်ရှားနေမှုကို ငါမဖမ်းမိဘူးထင်မနေနဲ့။ ဒါက ကောင်မလေးတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်တွေ့တာလေးပဲ မဟုတ်ဘူးလား။ သူ့ကိုယ်သူ မေ့သွားလောက်တဲ့အထိ ဖြစ်စရာလိုလို့လား။ ရှောင်အိုက်မှာ အလှလေးတစ်ယောက်ဆီက ဆွဲဆောင်ခံနေရတဲ့ သားလေးကို ထိန်းကျောင်းနေရတဲ့ အမေကြီးတစ်ယောက်လို သူမကိုယ်သူမ ခံစားလိုက်ရ၏။

ကျီလင်းပြောတာကို ကြားလိုက်ရသောအခါ စစ်ယွီသည် ဟန်မများနေတော့ပေ။ သူမသည် သူ့အား ကျေးဇူးတင်လိုက်ပြီး ဓာတ်လှေကားထဲသို့ ဝင်လိုက်သည်။

တိတ်တိတ်လေး ခိုးခိုးကြည့်နေသော ကျီလင်းထက်စာလျှင် စစ်ယွီမှာ ပိုတည်ငြိမ်နေပေသည်။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now