အခန်း (၉) (ခ)

1K 156 1
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း

အခန်း (၉) (ခ)

ကျီလင်းသည် ထိုခိုအီဆိုသောလူမှ ဘာတွေ တင်ထားသေးလဲ ထပ်ကြည့်မလို့ လုပ်နေစဉ် ရုတ်တရတ် တစ်ယောက်ယောက်မှ သီးသန့်ခန်းတံခါးအား ဖွင့်လိုက်၏။ ကျီလင်း လှည့်ကြည့်လိုက်သောအခါ စကတ်အဖြူနှင့် မိန်းကလေးတစ်ယောက်သည် ထိတ်လန့်တုန်လှုပ်နေသော အမူအရာဖြင့် တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

"အာ... ဆရာကျီလား" ထိုဆံပင်ရှည်နှင့် မိန်းကလေးသည် ကျီလင်းကို တွေ့သည်နှင့် ချက်ချင်းပင် ကြောင်တောင်တောင် ဖြစ်နေသော အမူအရာသို့ ပြောင်းသွားသည်။ သူမသည် ချက်ချင်းပင် နူးနူးညံ့ညံ့နှင့် သနားစဖွယ် တောင်းပန်လာခဲ့၏။ "တောင်းပန်ပါတယ်။ ကျွန်မ တံခါးနံပါတ်ကို သေချာမမြင်လိုက်မိလို့ပါ။ ဒါ ရှင့်ရဲ့ သီးသန့်ခန်းမှန်း မသိလို့ပါ..."

သူမသည် ထိုသို့ပြောရင်းနှင့်ပင် သူမ၏ မျက်လုံးမှာ မျက်ရည်များဖြင့် ပြည့်လာပြီး သူမပုံစံမှာလည်း အလွန်သနားစရာကောင်းနေပုံပေါ်၏။

ထိုအချိန်မှသာ ကျီလင်းသည် ထိုကောင်မလေးမှာ သူတို့ရိုက်မည့် သီချင်းဗီဒီယိုမှ အမျိုးသမီးဇာတ်ဆောင်ဖြစ်ကြောင်း သတိထားမိသွားသည်။ သူ မှတ်မိတာသာမှန်ရင် ဒီကောင်မလေးက ရှုချင်းဝမ်လို့ခေါ်ပြီး သူ တစ်ခါမှ မကြားဖူးသည့် အသစ်လေးဖြစ်သည်။

ကျီလင်းသည် သူ့အစ်မက လူရွေးပွဲကို မပါနိုင်သည့်အတွက် စိတ်မကောင်း ဖြစ်ခဲ့သော်လည်း သူသည် စစ်ယွီ၏ ကျန်းမာရေးအား ပိုအလေးထား၏။  ထို့ကြောင့်ပင် စစ်ယွီအတွက် အထူးသီးသန့် ပြင်ဆင်ပေးထားသော ရိုက်ကွင်းနောက်ကွယ်မှ ပုံရိပ်များကို ရပ်လိုက်ရသည်။ ထိုကဲ့သို့သော အခြေ‌အနေများအောက်တွင် ရှုချင်းဝမ်သည် ဤ အခွင့်အရေးကို ရနိုင်ခဲ့ခြင်းဖြစ်သည်။

ကျီလင်းသည် ရှုချင်းဝမ်အပေါ်တွင် ဘာထင်မြင်ချက်မှ ရှိမနေပါချေ။ အမျိုးသမီးဇာတ်ဆောင်အား ဆုံးဖြတ်ပြီးနောက် သူတို့သည် တစ်ခါမှ မျက်နှာချင်းဆိုင် စကားမပြောခဲ့ဖူးပေ။ သို့သော် ခဏနေရင် သူတို့အတူတူ အလုပ်လုပ်ရတော့မှာကို တွေးမိသောကြောင့် ကျီလင်းသည် သူမအား "ရပါတယ်" ဟု ခပ်တိုတိုသာ ပြန်ဖြေလိုက်သည်။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now