အခန်း ၁၆

925 148 0
                                    

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း

အခန်း (၁၆) (က)

သူမ စိုးရိမ်တကြီး ကြည့်နေစဉ်တွင် ကားသည် ကျန်း မြို့အစွန်ဘက်သို့ မောင်းသွားခဲ့သည်။ မြို့ထဲနှင့် ပိုပိုပြီးဝေးလာခဲ့၏။ အကယ်၍ ကားကသာ အဆင့်မြင့် အိမ်ရာတစ်ခုရှေ့၌ ရုတ်တရက် မရပ်တန့်ခဲ့ပါက၊ လုရှင်းကျိုးက သူမကို ကြိုးတုပ်ပြီး ရောင်းစားတော့မှာလားလို့ စစ်ယွီသံသယဖြစ်မိမှာ အမှန်ပင်။

"မင်း အမူအရာက ဘာလဲ" လုရှင်းကျိုးသည် သူမအား ဥရောပပုံစံ ဗီလာ‌တွေထဲမှ အကြီးဆုံးနေရာသို့ ခေါ်သွားပြီးနောက်၊ သူ လှည့်ကြည့်လိုက်သောအခါ စစ်ယွီ၏ ဖော်ပြလို့ မစွမ်းသာတဲ့ အမူအရာကို မြင်လိုက်ရသောကြောင့် မေးလိုက်၏။

စစ်ယွီသည် တိုးတိုးလေး ပြတ်တောင်းပြတ်တောင်း ပြောလိုက်သည်။ “တရားမ၀င် ချုပ်လှောင်ထားခြင်းကို ခွင့်ပြုမထားဘူးလေ.”

လမ်းတစ်လျှောက် အခြေအနေသည် စစ်ယွီကို အလွန်အမင်း ထိတ်လန့်စေခဲ့၏။ ဒီနေရာကြီးမှာ ဗီလာတစ်ခုရှိနေတယ် ဆိုတာကို ထားလိုက်ဦး၊ ပုံမှန်လူတွေမှာ ဒီလို အဆင့်အတန်းမြင့် ဘော်ဒီဂတ်အုပ်စုကြီး ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ ဒီနေရာက ပိုက်ဆံတစ်ခုတည်းနဲ့ ဝယ်လို့မရတဲ့ ကျန်း မြို့ ရဲ့ စစ်မှန်တဲ့ "ဩဇာအာဏာရှိတဲ့နေရာ" လို့ ယွီလင်းပြောတဲ့ အတင်းအဖျင်းစကားကို စစ်ယွီ ကြားဖူးသည်။  လုရှင်းကျိုးသည် သူမအား ဒီနေရာသို့ ခေါ်လာသောကြောင့် စစ်ယွီတစ်ယောက် အလွန်အမင်း တွေးနေမိသည်မှာ မဆန်းလှပေ။ ဒီနေရာသည် လူတစ်ယောက်က စိတ်ရှိသလို ဝင်လို့၊ ထွက်လို့ မရတဲ့နေရာဆိုတာ သေချာပေသည်။ သူမသာ မတော်တဆတစ်ခုခုနဲ့တွေ့ခဲ့ရင် နေ့တိုင်း အော်ဟစ်နေခဲ့ရင်တောင် ဘယ်သူမှ ပြန်ဖြေမှာမဟုတ်တဲ့ နေရာတစ်ခုပင်။ သူမ တကယ်ကို မလုံခြုံဘူးဟု ခံစားနေရ၏။

နူးညံ့သိမ်မွေ့ပုံပေါ်သော်လည်း တကယ်တော့ လွှမ်းမိုးတတ်ပြီး အာဏာရှိလှသည့် ထန်ဝတ်စုံ ဝတ်ဆင်ထားသောလူကို စစ်ယွီပြန်သတိရမိသွားသည်။ သူမ မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။ ပဉ္စမသခင်လို့ခေါ်တဲ့ ဒီအရူးကောင်ရဲ့ တကယ့်ရည်ရွယ်ချက်က ဘာကြီးလဲ...

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now