အခန်း ၁၃

1K 156 18
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း

အခန်း (၁၃) (က)

ရှုချင်းဝမ်သည် သူမဘဝတစ်လျှောက်လုံး လေနဲ့မုန်တိုင်းတွေကို မခံစားခဲ့ရဖူးပါချေ။

သူမ၏အရင်င်ဘဝတွင် ပင်ကိုအရည်အသွေး အစီအစဥ်မှ ပွဲဦးထွက်ထွက်ချင်း ကျီလင်းနှင့် တွေ့ဆုံခဲ့ရသည်။ ထိုအချိန်တုန်းက ကျီလင်းသည် အနာပညာလောကထဲတွင် စူပါစတားတို့၏ ဘုရင်ဖြစ်သည်။ ကျီလင်း၏ ကာကွယ်ပေးမှုကြောင့် ရှုချင်းဝမ်၏ စူပါစတားလေးအဖြစ်သို့ သွားရာလမ်းကြောင်းသည် အမြဲချောမွေ့နေခဲ့ပြီး နှစ်အနည်းငယ်အတွင်းမှာပင် သူမသည် အေအဆင့် မင်းသမီးတစ်လက်ဖြစ်လာခဲ့၏။ ကျီလင်း၏ ဖန်များသည် သူ့အချစ်ရေးအကြောင်းကို အများကြီး မမျှော်လင့်ထားကြပေမဲ့ သူမကို တိုက်ခိုက်မည့် တစ်ယောက် နှစ်ယောက်ကတော့ ရှိနေဆဲပင်။ သို့သော် ထိုစမ်းသပ်မှုများနှင့် အခက်အခဲများကို ကျီလင်းက ကာကွယ်ပေးထားခဲ့သည်။ ရှုချင်းဝမ်သည် ကျီလင်း၏ ပွေ့ဖက်မှုအောက်တွင် နာနာခံခံလေး နေရုံသာလိုပြီး သူက သူမကို အလိုလိုက်တာ ကာကွယ်တာကို ကြည့်နေရုံပင်။

ရှုချင်းဝမ်အား အမှန်တကယ် ကြောက်ရွံ့စေသည့်အရာမှာ ကျီလင်း၏ သွေးတစ်ဝက်တော်စပ်သည့် အစ်မ ကျိုးစစ်ယွီပဲဖြစ်၏။ ထိုမိန်းမသည် အရူးတစ်ယောက်ဖြစ်ပြီး သူမသည် ကျီမိသားစုတစ်ခုလုံးကို ငရဲသို့ ဆွဲချချင်နေတာ ဖြစ်သည်။ ရှုချင်းဝမ်သည် ကျီလင်း၏ ကောင်မလေး ဖြစ်နေသည့်အတွက်တော့ ကျိုးစစ်ယွီသည် သူမကိုလည်း အလွတ်မပေးခဲ့ပေ။ ထိုအကြောင်းပြချက်ကြောင့် ကျိုးစစ်ယွီသည် ဘာမဆို လုပ်နိုင်ပေသည်။ အမြင့်သို့တက်ရန် သူမကိုယ်သူမ ရောင်းစားဖို့ပင် ဆန္ဒရှိခဲ့ပြီး သူမ၏ရန်သူများကို အကုန်လုံးရိုက်သတ်ချင်ခဲ့တာ ဖြစ်သည်။

ကျီလင်း၏ သူ့အစ်မအပေါ်တွင် အပြစ်ရှိသည့် ခံစားချက်ကြောင့် ကျိုးစစ်ယွီသည် အကြိမ်ကြိမ် အောင်မြင်လုနီးပါး ဖြစ်ခဲ့၏။

ကျိုးစစ်ယွီ၏ မဆင်မခြင်မှုနှင့် ရူးသွပ်သောဇွဲသည် သူမအား အမှန်တကယ်ပင် ကြောက်လန့်စေခဲ့သည်။ သူမသည် နောက်ဘဝသို့ ရောက်နေပြီဆိုလျှင်တောင် သူမ၏အရိုးထဲတွင် ထွင်းထုထားသည့် အကြောက်တရားကို ချက်ချင်း မပယ်ရှားနိုင်သေးပါချေ။ ထို့ကြောင့် သူမသည် ကျိုးစစ်ယွီ၏ ရင်းနှီးနေသော မျက်နှာဖြူဖျော့ဖျော့အား တွေ့လိုက်ရသောအခါ သရဲတစ်ကောင်ကို မြင်လိုက်ရသလို လန့်သွားမိ၏။ သူမသည် ကြောက်လွန်းနေသည့်အတွက် ဒီနေရာမှ ဘယ်လိုထွက်သွားရမလဲဆိုတာကိုသာ တွေးမိသည်။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now