အခန်း ၁၄ (uni)

939 145 3
                                    

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း

အခန်း (၁၄) (က)


ဧည့်ခံပွဲသည် ဆူညံသံများ၊ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေ၏။  ရင်းနှီးသည့် အနုပညာရှင်တချို့မှာ စကားစမြည်ပြောနေကြသည်။ ယွီလင်းသည် [ဖက်ရှင်အိုင်ကွန်]၏ ဒုတိယအက်ဒီတာချုပ် ဖြစ်သောကြောင့် လူအများက သူမအနီးတွင် စကားပြောရန် စုဝေးလာကြသည်။ သူမသည် အစောကတည်းကပင် စကားပြောဖို့ လူအများက ဆွဲခေါ်ခံရပြီးဖြစ်သည်။ သူမသည် စစ်ယွီအား လျှောက်သွားမနေဖို့ သတိပေးရုံသာတတ်နိုင်ပြီး ထို့နောက်မှာတွင် သူမသည် လူပင်လယ်ကြီးထဲ နစ်မြုပ်သွားခဲ့၏။

စစ်ယွီသည် မူလကတည်းက ဒီနေရာကို နံပါတ်ဖြည့်ဖို့ ရောက်လာတာသာဖြစ်သည်။ သူမသည် ဘာကောင်ကြီးမှ မဟုတ်ဘဲ၊ ဒီနေရာက လူများအတွက် မျက်နှာသစ်တစ်ယောက်သာ ဖြစ်သည်။ ဤအကြောင်းအရင်းက ဘာလို့ လူတစ်ယောက်ကမှ သူမနဲ့ စကားလာမပြောတာလဲဆိုတာပင်။ ထို့ကြောင့် သူမသည် စိတ်လွတ်လက်လွတ်နေရမည့် အခွင့်အရေးကို ဝမ်းမြောက်စွာ လက်ခံလိုက်သည်။ သူမသည် ထောင့်တစ်နေရာတွင် ပုန်းခိုနေပြီး အနီရောင်ဂျင်းလက်ဖက်ရည်ကို အေးအေးချမ်းချမ်း သောက်ရင်း ကံကောင်းခြင်းတွေက သူမခန္ဓာကိုယ်ဆီ စီးဝင်နေသည်ကို ကြည်နူးနေခဲ့၏။ သူမမှာ အလွန် စိတ်ကျေနပ်နေပုံပင်။

သူမ၏ ခန္ဓာကိုယ်သည် အားနည်းပြီး အေးနေသောကြောင့် ဂျင်းလက်ဖက်ရည်က သူမခန္ဓာကိုယ်အား နွေးထွေးစေသည်။ လက်ဖက်ရည်သောက်ရသည်မှာ သက်တောင့်သက်သာရှိလှသည်။ စစ်ယွီသည် မျက်လုံးများကို မှိတ်ထားပြီး ဖြည်းညှင်းစွာ သောက်နေခဲ့၏။ သူမခန္ဓာကိုယ် အပူဓာတ်ကို ပြန်လည်ဖြည့်တင်းပြီးနောက် သူမ၏ပါးပြင်လေးသည် နီရဲလာခဲ့သည်။ သူမသည် နေရောင်အောက်မှာ ကျေကျေနပ်နပ်ကြီး ပျင်းရိနေတဲ့ ကြောင်ကလေးလိုပင်။

သူမ အလွန်ပျော်ရွှင်နေသည်မှာ သူမလုပ်နေသမျှကို ဘေးက တိတ်တိတ်လေးကြည့်နေသည့် ကျီလင်းက တွေ့သွားပြီဆိုတာကို မသိသေးသောကြောင့်သာဖြစ်သည်။ ကျီလင်းသည် သူ့ဆီ လာသောသူများနှင့် ပျော်ပျော်ပါးပါး စကားပြောရင်း ဝိုင်တစ်ခွက်ကို အကာအကွယ်ယူကာ စစ်ယွီကို တိတ်တဆိတ်လေး စောင့်ကြည့်နေခဲ့သည်။ ကျီလင်းမှာ သူ့အစ်မ၏ ဖျော့တော့ပြီး အားနည်းသော ပုံသဏ္ဍာန်အပြင် ကင်မရာအောက်ရှိ သူမ၏ ထိတ်လန့်ဖွယ် ပင်ကိုယ်စရိုက်ကိုလည်း မြင်ဖူးပြီးသား ဖြစ်သည်။ သို့သော် ဒီတစ်ခေါက်လောက် ပျင်းပျင်းရိရိနှင့် ငြိမ်ငြိမ်သက်သက်လေး ဖြစ်နေသည်ကိုတော့ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now