အခန်း (၇) (က)

1K 163 0
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း

အခန်း (၇) (က)

စစ်ယွီသည် ဆေးရုံပေါ်တွင် နိုးလာခဲ့၏။

သူမ နောက်ဆုံးမှတ်မိသည်မှာ ကလေးကိုပိုက်ရင်း လှိမ့်နေတာကိုပဲ ဖြစ်သည်။ ကံမကောင်းစွာနဲ့ပဲ သူမသည် လမ်းဘေးခြံစည်းရိုးနှင့် တိုက်မိကာ အတွင်းဒဏ်ရာရသွားခဲ့သည်။ သူမသည် မြေပြင်ပေါ်တွင် လဲကျကာ သွေးများ အဆက်မပြတ် အန်တော့၏။ သူမ၏ ခန္ဓာကိုယ်ထဲမှ သွေးများ မကုန်မချင်း အန်ပြီး နောက်ဆုံးတွင်တော့ သွေးအလွန်အကျွံဆုံးရှုံးသွားသဖြင့် မူးလဲသွားခဲ့သည်။ သူမအား လူနာတင်ကားပေါ်သို့ ဘယ်လိုသယ်လာခဲ့လဲဆိုတာတောင် မမှတ်မိတော့ပေ။

ကောင်းပြီ၊ သူမ အခု ဆေးရုံရောက်နေပြီဆိုတော့ အဆင်ပြေသွားပါလိမ့်မယ်။ စစ်ယွီမှာ သူမ၏လက်ရှိအခြေအနေနဲ့ ပက်သက်လို့ အလွန်ပင် အကောင်းမြင်ဝါဒရှိနေ၏။ သူမ မော့ကြည့်လိုက်တော့ သူမ၏ ဆေးရုံကုတင်အထက်တွင် IV drip တစ်လုံး ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမလက်ကို မြှောက်ဖို့လုပ်သောအခါ သူမ၏လက်အား ငြိမ်နေအောင် ကိုင်ထားသော တစ်ယောက်ယောက်ရှိနေသည်ကို သိလိုက်ရသည်။ သူမ လုံးဝ လှုပ်လို့မရပေ။

စစ်ယွီ၏အကြည့်တို့သည် အောက်သို့ဆင်းသွားပြီး နောက်ဆုံးတွင် သူမလက်မောင်းအား ခေါင်းအုံးကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ကျီလင်း၏ ခေါင်းပေါ်မှ ကြက်သွေးရောင်အလင်းပေါ်သို့ ကျရောက်သွား၏။ စစ်ယွီ၏ မျက်လုံးထဲတွင် ကြက်သွေးရောင်အလင်းမှ လွင့်လာသော အနီရောင်အမှုန်လေးများသည် သူမခန္ဓာကိုယ်ထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာခဲ့သည်။ ထူးဆန်းသည်မှာ သူမ၏ခန္ဓာကိုယ်မှ နာကျင်မှုများသည် ဖြေးဖြေးချင်း သက်သာလာသည်ကို ခံစားနေရခြင်းပင်။ သွေးအန်ချင်သောစိတ်သည်လည်း သက်သာသွားပြီဖြစ်သည်။

ဖြစ်နိုင်တာက .... ကျီလင်းရဲ့ ကံကောင်းခြင်းတွေထဲက တချို့ကို သူမကိုပေးလိုက်ပြီး အဲ့ဒါကြောင့်မို့ သူမရဲ့အခြေအနေက ကောင်းလာတာလား။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now